Arc.1.1(The weep)

14.3K 1K 17
                                    

Zawgyi

ပျော်ရွှင်ကာရယ်မောနေသည့် မိသားစုကို ထောင့်စွန်းကနေ ကြည့်နေသည့်ကောင်လေးတစ်ယောက်လည်း ရှိနေခဲ့သည်၊ထိုမိသားစုဟာ ထိုကောင်လေးရဲ့မိသားစုဖြစ်ပေမယ့် သူ့ဘဝကအစေခံသာသာလောက်သာ၊ ထိုဆယ်နှစ်အရွယ်ရှိတဲ့ကောင်လေးဟာ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး ပြန်လှည့်သွားခဲ့သည်၊ထိုနေရာဟာ သူနဲ့မှ မသက်ဆိုင်သည့်နေရာတစ်ခုသာသာ၊

"ဟဲ့ ဟိုမှာ ပထမသခင်လေးမလား?"လို့ အစေခံတစ်ယောက်ဟာ မြင်လိုက်တာကြောင့် နောက်တစ်ယောက်ဟာလည်း ထိုကောင်လေးရှိရာကိုကြည့်ကာ အထင်သေးသည့်မျက်ဝန်းများဖြင့်...

"သူလို လူမျိုးက သခင်ကြီးတို့ရဲ့ညစာစားပွဲကို ဖျက်ဆီးချင်နေပြန်ပြီလားမသိဘူး "

"ဟုတ်ပ... ဘာမှကောင်းကျိုးမပေးတဲ့ အမှိုက်ကောင်ပဲ " လို့ ပြောသံဟာ ထမင်းစားပွဲနားက ထိုကောင်လေးရဲ့မိသားစုကိုကြားစေနိုင်ပေမယ့် ထိုလူတွေကတော့ ဘာမှမဖြစ်သယောင်ပင်၊ထိုနောက် သခင်ကြီးဆိုသည့်သူဟာ ပါးစပ်ကိုသုတ်ကာ လက်ကိုက်ပုဝါကိုခပ်ကြမ်းကြမ်းပစ်ချလိုက်ပြီး

"နောက်တစ်ခါ အဲ့ယောကျာ်းမဟုတ်မိန်းမဟုတ်တဲ့ကောင်ကို အနောက်ဆောင်မှာပဲ ပိတ်ထားစမ်း!"လို့ ဒေါသတကြီးပြောလာတော့ ဘေးနားရှိ ချစ်စရာကောင်းသည့် မျက်နှာပေါက်ဖြင့် ရှစ်နှစ်အရွယ်ကောင်လေးဟာ သူ့အဖေရဲ့ပန်းကန်ထဲ မမှီမကမ်းဟင်းထည့်ပေးရင်း

"ဒယ်ဒယ် စိတ်ဆိုးပါနဲ့ ဆရာမကပြောတယ်... စိတ်ဆိုးတဲ့သူတွေကို မကောင်းဆိုးဝါးကြီးက ကိုက်တတ်တယ်တဲ့"လို့ ချစ်စဖွယ်ပြောလာတော့ ထိုလူကြီးဟာ ချက်ချင်းပြုံးကာရယ်မောပြီး

"အေးပါ စိတ်မဆိုးတော့ပါဘူး... လာလာ အဖေ့သား များများစား"လို့ ပြောရင်း ဟင်းပြန်ထည့်ပေးကာ ခုနကစိတ်ပျက်စရာလေထုဟာ ပျောက်ကွယ်သွားတော့သည်၊အစေခံတွေလည်း ထိုမြင်ကွင်းကို ပြုံးပြုံးကြီးကြည့်ရင်း

"သခင်လေးချင်းယန်အန်းကမှ တကယ့်ကို ချင်းမိသားစုရဲ့တရားဝင်သားဖြစ်သင့်တာ ချင်းမူနဲ့များ ကွာချက်"

"ရှူတိုးတိုးပြောပါဟ သခင်ကြီးကြားရင် စိတ်တိုနေဦးမယ် ချင်းမူက ပထမသခင်လေးဖြစ်ပြီး သခင်လေးချင်းယန်အန်းက မယားငယ်ကပါတဲ့သားဖြစ်ပေမယ့် ဆက်ခံသူနေရာက သေချာပေါက် သခင်လေးချင်းယန်အန်းပဲလေ..."လို့ ပြောလိုက်တော့ အကုန်လုံးထောက်ခံနေကြတော့သည်၊

Arc-1 The Weep (God! Grab Me! Love Me! Save Me!) Where stories live. Discover now