Arc-1.11(The Weep)

6.2K 885 42
                                    

Zawgyi

ချင်းယန်အန်းကလည်း အနောက်တိုင်းဝတ်စုံဖြင့် အလွန့်ကိုကြည့်ကောင်းကာ ချောမောခန့်ညားနေသည့် လောင်ထျန်းဝမ်ကို လိုချင်တပ်မက်စွာ စိုက်ကြည့်နေခဲ့သည်၊ မတွေ့ရသည့်လအနည်းငယ်အတွင်းမှာ လောင်ထျန်းဝမ်ဟာ ပြောင်းလဲသွားခဲ့ရုံမက အရင်ကထက်ပင် ပိုမိုကြည့်ကောင်းလာသေးသည်၊ဒါပေမယ့် လောင်ထျန်းဝမ်ဘေးနားရှိသူကို မြင်လိုက်ရသည့်အချိန်မှာ ချင်းယန်အန်းမျက်နှာဟာ ဒေါသထွက်သွားကာ ....

'ချင်းမူ!!! ဒီကောင်က ဘာလို့ ထျန်းအန်းနဲ့အတူ ပွဲတက်လာရတာလဲ!' အရင်ကဆိုရင် လောင်ထျန်းအန်းနဲ့အတူ ပွဲတက်ရသည့်သူဟာ သူချင်းယန်အန်းဖြစ်ပြီး အများရဲ့အားကျမှုကို ခံရသူဟာလည်း သူသာဖြစ်သည်၊အခုတော့ ချင်းမူကို လူတိုင်းဟာ အားကျစွာကြည့်နေသည်ကို မြင်တော့ သူ့စိတ်ထဲ မနာလိုဖြစ်နေမိတာ အမှန်ပေ၊ဒါပေမယ့် ချင်းယန်အန်းဟာ သူမှာလည်း ပိုင်ကုမင်ရှိကြောင်း သိအောင်ပြသရန် ပိုင်ကုမင်ဘက်ကြည့်လိုက်ပေမယ့် ပိုင်ကုမင်ဟာ လောင်ထျန်းဝမ်တို့ဘက်ကိုသာ ကြည့်နေခဲ့သည်၊ဒါ​ကြောင့် ပထမက ပိုင်ကုမင်ဟာ သူကြောင့် လောင်ထျန်းဝမ်ကို ပြသာနာသွားရှာမည်လားလို့ ထင်ခဲ့ပေမယ့် ထိုလိုမဟုတ်ခဲ့ပေ၊

ပိုင်ကုမင်ဟာ လောင်ထျန်းဝမ်ဘက်ကို လျှောက်လှမ်းလာရင်း...

"သခင်လေးလောင်က ကျွန်တော်ရဲ့ပါတီကို တက်ရောက်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး" လို့ ပြောကာ လက်ဆွဲနူတ်ဆက်ရန် လက်ကမ်းကာ ပြောလိုက်တော့ လောင်ထျန်းဝမ်ဟာလည်း တည်ငြိမ်စွာဖြင့် လက်ဆွဲနူတ်ဆက်လိုက်ပြီး

"ပိုင်အိမ်တော်က ပို့လိုက်တဲ့ဖိတ်စာကို ကျုပ်က ဘယ်လိုလုပ်လစ်လျူရှုရဲမှာလဲ" လို့ ပြန်ပြောလိုက်တော့ ပိုင်ကုမင်ဟာ ခေါင်းညိတ်ကာ လောင်ထျန်းဝမ်ဘေးက လူငယ်လေးကို တောက်ပနေသည့်မျက်ဝန်းများဖြင့်ကာ...

"ဒီအချောလေးက... ?"

"ဒါက ကျုပ်ရဲ့ခင်ပွန်းလောင်းလေးလေ ချင်းမူ သခင်လေးပိုင်ကို နူတ်ဆက်လိုက်ပါဦး"လို့ ပြောလိုက်ပေမယ့် စကားလုံးထဲတွင် မကျေမနပ်မှုများဟာ ဖုံးကွယ်ထားမရချေ၊ ချင်းမူကလည်း ရိုးရှင်းစွာ ပြုံးလိုက်ရင်း...

Arc-1 The Weep (God! Grab Me! Love Me! Save Me!) Where stories live. Discover now