Zawgyi
ဆယ်နှစ်ကြာပြီးနောက် ချင်းမူဟာ အသက်နှစ်ဆယ်လူငယ်တစ်ယောက်ဖြစ်လာတော့သည်၊သူဟာ systemထိန်းချုပ်မှုအောက်တွင် ဆိုးသွမ်းတဲ့လူငယ်လေးအဖြင့် နေထိုင်နေရတော့သည်၊သူရဲ့ဝတ်စားဆင်ယင်မှုဟာ စိတ်ပျက်စရာကောင်းဟာ ဟိုပြဲဒီပြဲဖြင့် Punk စတိုင်လိုလို ဘာလိုလိုဖြင့် သူရဲ့နီကြောင်ကြောင်ဆံပင်သည်ဟာလည်း သူရဲ့လှပသည့်မျက်နှာလေးဖြင့် မလိုက်ဖက်စွာပင်၊သူရဲ့အဓိက တာဝန်ဟာ ဒီကမ္ဘာရဲ့အဓိကသားတော် ချင်းယန်အန်းကို နှောင့်ယှက်ရန်ဖြစ်သည်၊အခုလည်း သူ့ဖခင်ရဲ့မွေးနေ့ပွဲဖြစ်ကာ သူကတော့ စိတ်ပျက်စရာ ပန်းရင့်ရောင်အူကြောင်ကြားဝတ်စုံဖြင့် မတ်တပ်ရပ်နေတော့သည်၊သူရဲ့တာဝန်ဟာ ဇာမဏီတစ်ကောင်လိုတောက်ပနေသည့် ချင်းယန်အန်းကို အနိုင်ကျင့်ရန်ဖြစ်သည်၊ အနိုင်ကျင့်စရာလည်းမလိုပါဘူး၊ သူနည်းနည်းလေးတိုက်ခိုက်လိုက်သည်နှင့် ချင်းယန်အန်းဟာ အလိုလိုသရုပ်ဆောင်သွားလိမ့်မည်၊
အခုလည်း သူ့ကို အထင်သေးစွာစိုက်ကြည့်နေသည့် သူတွေကို လျစ်လျူရှုလိုက်ပြီး စားပွဲထိုးတစ်ယောက်ရဲ့ လင်ဗန်းဆီကနေ ဝိုင်နီတစ်ခွက်ကိုယူကာ သူ့ညီချင်းယန်အန်းဆီကိုသွားနေတော့သည်၊သူစိတ်ထဲ ထိုချင်းယန်အန်းကို ဘယ်လိုဒုက္ခပေးရမည်လည်း အမျိုးမျိုးစဉ်းစားနေရင်း တစ်စုံတစ်ယောက်ဟာ ခြေထိုးလိုက်သည်ကိုမြင်တော့ သူရဲ့စိတ်ထဲကနေ ဟားတိုက်လိုက်မိသည်၊ ထိုခြေထိုးထားသည့်ခြေထောက်ကို မမြင်ချင်ယောင်ဆောင်ကာ ခလုတ်အတိုက်ခံလိုက်တော့ သူ့လက်ထဲရှိ ဝိုင်နီများထည့်ထားသည့်ဖန်ခွက်ဟာ ရှေ့ကိုဖိတ်ကျကုန်ကာ ဖွေးဖွေးစွတ်နေသည့် ချင်းယန်အန်းရဲ့အနောက်ပိုင်းအင်္ကျီဖြူပေါ် ပျော်ပျော်ရွှင်ရွှင်လှပစွာ ဆေးရောင်ခြယ်သသွားတော့သည်၊
"အစ်ကို..." ဟုတ်ပြီ ထိုချင်းယန်အန်းဟာ စတင်မျက်ရည်ဝဲနေတော့သည်၊ဒါမတော်တဆ ဖိတ်ကျမိတာပဲလေ၊ငိုနေဖို့ လိုအပ်သလား? ဒါပေမယ့် ... ချင်းမူဟာ ကြောက်လန့်သည့်ပုံစံဖြစ်ပြီးနောက် ဘေးနားရှိ ချင်းယန်အန်းရဲ့သူငယ်ချင်းတွေကြောင့် ဒေါသထွက်လာစွာ...
"ဒါအင်္ကျီလေးတစ်ထည်ထဲကို ဘာတွေကြီးကြီးကျယ်ကျယ်ဖြစ်ပြနေတာလဲ!"
YOU ARE READING
Arc-1 The Weep (God! Grab Me! Love Me! Save Me!)
RomanceMain Title - God! Grab me! Love me! Save me! Arc. 1 - The weep(Completed) started date: 13.3.2021 End date: 17.5.2021