Zawgyi
ချင်းမူ ပြန်နိုးလာတော့ သူလူနာဆောင်အခန်းပြင်ဘက်မှာ စကားများသံတွေကို ကြားလိုက်ရသည်၊လောင်ထျန်းဝမ်ကို မြင်တုန်းက သူဒေါသထွက်လာရာကနေ ဘယ်ကမှန်းမသိအားအင်တွေရလာကာ ထိုလူကို ရိုက်နှက်ပြောရဲခဲ့ခြင်းဖြစ်သည်၊ထိုအချင်းအရာတွေကို ချင်းမူတွေးနေပြီးနောက်...
'သွားပြီ... ' အခုမှ System ထိန်းချုပ်မှု အောက်ကနေလွတ်မြောက်ရုံဘဲရှိသေးသည်၊အသိစိတ်လွတ်ကာ သူလုပ်မိလိုက်ပြန်သည်၊ ထိုချိန်မှာ အပြင်ကဆူညံသံတွေက ပိုကျယ်လာတော့သည်၊ချင်းမူ မျက်မှောင်ကြုတ်ကာ နားထောင်လိုက်တော့ သူမျက်နှာဟာ အံ့အားသင့်သွားတော့သည်၊အဲ့တာ ချင်းယန်အန်းနဲ့သူ့မိထွေးမလား?
"ငါတို့က ဘာကြောင့်အခန်းထဲ ဝင်ခွင့်မရရတာလဲ ဖယ်စမ်း!!!" ချင်းရှင်းဝမ်ဟာ ဒေါသကြောင့် သူမအသံကိုပင် မထိန်းသိမ်းနိုင်တော့ချေ၊သူမသားဆီကနေ ချင်းမူ ကိုယ်ဝန်ပျက်ကျသွားသည့်အကြောင်းကို ကြားလိုက်ရတော့ စိတ်ကျေနပ်သွားပေမယ့် ကလေးအဖေဟာ လောင်ထျန်းဝမ်ဖြစ်နိုင်ကြောင်း ပြောလာတော့ အရမ်းကိုဒေါသထွက်မတက်ဖြစ်သွားတော့သည်၊အဲ့မျိုးမစစ်က ငါ့သားရဲ့လူကို လုယူချင်နေတယ်!!တကယ့်ကို အောက်တန်းစားပဲ! ဒါကြောင့် သူမတို့ချက်ချင်းဆေးရုံကိုလာကာ ချင်းမူကို သတိပေးရန် ရောက်လာပေမယ့် တားဆိးခံလိုက်ရသည်! ချင်းမိသားစုဟာ အဆင့်အတန်းမြင့်မားရုံသာမက လောင်မိသားစုနဲ့လည်း
အရမ်းကို ရင်းနှီးသည့်ဆက်ဆံရေးရှိသည်၊ဒါကို ဒီဘာမဟုတ်တဲ့သူနာပြုတွေက တာဆီးရဲတယ်ပေါ့!"သခင်လေးလောင်က ဘယ်သူကိုမှ မဝင်ဖို့မှာထားပါတယ်ရှင့်"လို့ သူနာပြုမလေးဟာ ချက်ချင်းငြင်းထုတ်လိုက်တော့ ချင်းရှင်းဝမ်ဟာ ပိုမိုဒေါသထွက်လာတော့သည်၊
"အမေ စိတ်အေးအေးထားပါဦး သားကြည့်ရှင်းလိုက်မယ်"လို့ ချင်းယန်အန်းဟာ သူ့မိခင်ကို ဘေးကနေနားချလိုက်ပြီး သူမိခင်ရဲ့အသက်ရှူသံပုံမှန်ဖြစ်သွားမှ သူနာပြုမလေးဘက်လှည့်ကာ
"ဆရာမ ကျွန်တော်တို့က လူနာရဲ့မိသားစုဝင်တွေပါဗျာ ဒါကြောင့် ကျွန်တော့်အစ်ကိုရဲ့ကျန်းမာရေးအခြေအနေကို တွေ့မှ စိတ်ချမှာမို့လို့ ခဏလောက်ဝင်ခွင့်ပေးနိုင်မလား မကြာပါဘူး... ကျွန်တော့်အစ်ကိုရဲ့အခြေအနေမြင်ပြီးတာနဲ့ ပြန်ထွက်လာမှာပါ" လို့ တောင်းပန်ခယနေတော့ သူနာပြုမလေးလည်း ဘာဆက်လုပ်ရမလဲမသိဖြစ်နေပေမယ့် ဘေးနားရှိ အသက်ကြီးကြီးသူနာပြုကတော့ ခက်တင်းတင်းဖြင့်သာ
![](https://img.wattpad.com/cover/262054821-288-k145487.jpg)
YOU ARE READING
Arc-1 The Weep (God! Grab Me! Love Me! Save Me!)
RomanceMain Title - God! Grab me! Love me! Save me! Arc. 1 - The weep(Completed) started date: 13.3.2021 End date: 17.5.2021