ဟိုတယ်ခန်းမတစ်ခုထဲက ညစာစားပွဲမှာ ရှန်ပိန်ခွက်ချင်းတိုက်ရာက ထွက်လာတဲ့အသံတချို့နဲ့ စကားသံတွေ။နောက်ပြီး ဖွင့်ထားတဲ့ သီချင်းခပ်အေးအေးတစ်ပုဒ်။
အဲ့ဒီအရာတွေကြား ရောက်နေတဲ့ရိပေါ်ကို သူ့ရဲ့ လက်ကောက်ဝတ်ပေါ်က နာရီဆီက လက်တံတွေက သက်ပြင်း ခပ်တိုးတိုးချစေတယ်။ ကိုင်ထားတဲ့ ရှန်ပိန်ခွက်ကို တစ်ငုံမော့တယ်။ အရာရာက သူ့အတွက်တော့ ပျင်းရိစရာပဲ။
သိပ်မလှမ်းတဲ့နေရာက ထွက်လာတဲ့ရယ်သံတချို့ကြောင့် လှမ်းကြည့်မိတော့ ရိပေါ်လူတစ်ယောက်ကို သတိထားမိတယ်။ အထူးသဖြင့် အဲ့ဒီလူရဲ့အပြုံးတွေ။ နှစ်လိုဖွယ်ပဲ။ နောက်ထပ် ရှန်ပိန်တစ်ငုံကိုထပ်သောက်ပြီးတဲ့ အထိ ရိပေါ် လှမ်းကြည့်နေဆဲသာဖြစ်တယ်။
" အဲ့တစ်ယောက်က ပီကင်းတက္ကသိုလ်က ပရော်ဖက်ဆာတဲ့ .. ခုနက ဒေါက်တာလိေ၀ မိတ်ဆက်ပေးတာ "
နားမထောင်ပဲကြားနေရတဲ့ ဘေးနားက အမျိုးသမီး
နှစ်ယောက်ထဲက တစ်ယောက်ရဲ့စကားသံ။ အဲ့ဒီအမျိုးသမီကြည့်နေတဲ့ လူက တိုက်ဆိုင်စွာပဲ ရိပေါ်ကြည့်နေခဲ့တဲ့ လူဖြစ်နေတာက သိပ်ထူးဆန်းပုံတော့မရဘူး။ ဘာကြောင့်လဲ။ရှင်းပါတယ် ပွဲအတွင်းမှာရှိနေတဲ့ လူတော်တော်များများရဲ့ အကြည့်တွေက အဲ့ဒီလူဆီမှာပဲ ရှိနေတာကြောင့်ပဲဖြစ်တယ်။" ရိပေါ် ဆောရီးကွာ ဟိုဘက်မှာ လူကြီးတွေနဲ့က စကားဖြတ်မရဖြစ်နေတာနဲ့ "
" ရပါတယ် .. မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်"
ရိပေါ်စကားကြောင့် အရှေ့က ပူပူနွေးနွေးဇနီးမောင်နှံက
ပြုံးတယ်။ဒီပွဲက သူတို့နှစ်ယောက်ရဲ့ မင်္ဂလာညစာစားပွဲဖြစ်ပြီး သတို့သား ဒေါက်တာလိဝေက ပေကျင်းပုပ္ပလိက ဆေးရုံပိုင်ရှင် ရဲ့သား။နောက်ပြီး ရိပေါ်ရဲ့ စီနီယာတစ်ယောက်လည်းဖြစ်သေးတယ်။လိဝေက စကားတစ်ခွန်း နှစ်ခွန်းလောက်သာထပ်ပြောပြီး ရိပေါ်ရှေ့ကထွက်သွားတယ်။စိတ်မကောင်းစရာကတော့ ခုနကြည့်နေခဲ့တဲ့ လူကိုရိပေါ်မတွေ့တော့တာပဲ။ ဖန်ခွက်ထဲ ကျန်နေတဲ့ ရှန်ပိန်တချို့ကို အကုန်မော့ချပစ်ပြီးတဲ့နောက် ရိပေါ် သန့်စင်ခန်းတွေရှိရာကို ထွက်လာခဲ့လိုက်တယ်။
YOU ARE READING
Darling ...I'm home [ COMPLETED ]
FanfictionOh, won't you stay with me Cause you're all I need.