ရိပေါ် ကြမ်းပြင်ပေါ်က သူ့ခြေထောက်တွေဆီ အကြည့်တွေပို့ထားတယ်။ တိုက်ခန်းတံခါးဘေးက ကြွေနံရံတွေဆီ ကျောမှီထားလျက်ရှိပြီး တစ်ကြိမ်မကတော့တဲ့ သက်ပြင်းချသံတွေနဲ့ ဖြစ်တယ်။
သူအခု ရှောင်ကျန့်နေတဲ့ တိုက်ခန်းရှေ့မှာဖြစ်တယ်။ အကြိမ်ကြိမ်တီးနှိပ်လိုက်တဲ့ ဘဲလ်သံတွေနဲ့ ပွင့်ဟမလာတဲ့ တံခါးချပ်ကြောင့် ရိပေါ်ရပ်စောင့်နေခဲ့တာ နှစ်နာရီနီးပါး။
ကိုယ်ပေါ်က ကုတ်အင်္ကျီအိတ်ကပ်ဆီက နှိုက်ယူလိုက်တဲ့ ဆေးပုလင်းတစ်ဘူးကို ရိပေါ်ကြည့်တယ်။အဲ့ဒီဆေးက သူဒီကိုရောက်နေတဲ့ အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်ပေးနိုင်တယ်။ နောက်ပြီး သူ့ရဲ့ မျှော်လင့်ချက်တစ်ခုကို အကောင်အထည်ပေါ်လာစေနိုင်တယ်။
" အစ်ကို "
ရိပေါ်မြင်လိုက်ရတဲ့ ရှောင်ကျန့်မျက်နှာပေါ်မှာ အလိုမကျမှုတွေ ရှိနေတယ်။ ဘာကြောင့် ရှောင်ကျန့် က သူ့ကိုဆို ခါးခါးသီးသီးဖြစ်နေရတာလဲ။တကယ်ဆို လိမ်ညာခြင်းတွေထဲ ကိုယ့်ကိုယ်ကို လိမ်ညာရတာက အပင်ပန်းဆုံး မဟုတ်ဘူးလား။
" ၀မ်ရိပေါ် "
" ကျွန်တော် အဲ့ဒီနေ့က မှားသွားတယ် အဲ့လိုမလုပ်လိုက်သင့်ဘူး "
အဲ့ဒီကိစ္စဖြစ်ခဲ့ပြီးတဲ့နောက် မတွေ့ဖြစ်ကျတော့တဲ့ ရက်တစ်ပတ်။ ရှောင်ကျန့် မျက်နှာက သိသိသာသာ ချောင်ကျသွားလွန်းတယ်။
" နေကောင်းရဲ့လား တစ်ခုခုပြောဦးလေ အစ်ကို "
" ငါ့မှာ မင်းကို ဘာမှပြောစရာမရှိဘူး မင်းသွားတော့ "
" ကျွန်တော့ကို ခွင့်လွှတ်ပေးလို့ မရဘူးလား "
" မင်းကို သွားတော့လို့ ပြောနေတယ်လေ "
ရိပေါ် လှမ်းဆွဲလိုက်တဲ့ ရှောင်ကျန့်လက်တစ်ဖက်က တုန်ယင်နေတယ်။ ရိပေါ်သက်ပြင်းတစ်ချက်ချတယ်။ သူသာ ဒီမှာဆက်ရှိနေမယ်ဆိုရင် ရှောင်ကျန့်အခြေအနေက ပိုဆိုးသွားနိုင်တယ်။
VOCÊ ESTÁ LENDO
Darling ...I'm home [ COMPLETED ]
FanficOh, won't you stay with me Cause you're all I need.