Chapter 3 ( U )

3K 383 7
                                    

အနက်ရောင်ကုတ်အကျႋရှည်တစ်ထည်ကို လက်မှာချိတ်ပြီး ရိပေါ် စာသင်ခန်းအတွင်းက ထောင့်နေရာရဲ့လှေကားတွေကတဆင့် ခုံတန်းတွေထဲက အမြင့်ဆုံးခုံတန်းနေရာတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။

အတန်းချိန်ပြီးခါနီးဖြစ်ပြီး ပရိုဂျက်တာရှေ့က စာသင်ပြနေတဲ့ဆရာတစ်ယောက်ကတော့ လျှောလျှောကျနေတဲ့ သူ့ရဲ့ မျက်မှန်ကို ပင့်ပင့်တင်ပြီး စာအုပ်တစ်အုပ်ကို အာရုံစိုက်ဖတ်ပြနေတာကို ရိပေါ်တွေ့တယ်။

သူက ကျောင်းသားတစ်ယောက်မဟုတ်ပေမယ့် ဖတ်ပြနေတဲ့အသံကို သေချာလေးနားထောင်တယ်။ ယောကျ်ားတစ်ယောက်ရဲ့ ကြည့်အကောင်းဆုံးအချိန်ဟာ တစ်စုံတစ်ခုကို အာရုံစိုက်နေတဲ့ အချိန်ဖြစ်တယ် ဆိုတဲ့စကားက အမှန်အကန်ပဲဖြစ်ကြောင်း ရိပေါ်မြင်နေရတဲ့ ပရော်ဖက်ဆာ ရှောင်ကျန့်က သက်သေပြတယ်။

ဟုတ်တယ်...ရိပေါ်က ရှောင်ကျန့် စာပြနေတဲ့ အတန်းမှာဖြစ်ပြီး ရှောင်ကျန့်ကတော့ ရိပေါ် စစဝင်လာတည်းက လုံးဝကိုသတိမထားမိပါဘူး။

" အားလုံးပဲ ဒီပန်းချီကားကို သိကြတယ်မလား "

" ဟုတ် "

ပရိုဂျက်တာပေါ်မှာ ပေါ်လာတဲ့ မိုနာလီဆာပန်းချီကားပုံကို ရှောင်ကျန့် လက်ညိုးထိုးပြီးမေးတော့ ကျောင်းသားတွေက တစ်ညီတညာဖြေကြတယ်။

" မင်းတို့သိတဲ့အတိုင်း ဒီမိုနာလီဆာပန်းချီကားက နာမည်ကြီးကျော်ကြားတယ် အဲ့လို နာမည်ကြီးရတဲ့ အကြောင်းအရင်းကိုကော ဘယ်သူပြောနိုင်မလဲ "

ရှောင်ကျန့်က သူ့လက်ထဲကစာအုပ်ကို အနားကစားပွဲပေါ်တင်ရင်း လက်နောက်ပစ်လိုက်ပြီး ကျောင်းသားတွေဆီက အဖြေကိုစောင့်ဆိုင်းနေတယ်။ အမြင့်ဆုံးခုံတန်းရဲ့ ထောင့်စွန်းနေရာက ရိပေါ်ကတော့ ရှောင်ကျန့် လုပ်သမျှငေးကြည့်နေဆဲသာဖြစ်တယ်။

" မိုနာလီဆာရဲ့ ထူးခြားတဲ့ အပြုံးကြောင့် "

လက်တစ်ဖက်ထောင်ပြီး ဖြေတဲ့ပထမဆုံးကျောင်းသားရဲ့ အဖြေကို ခေါင်းခါပြတော့ အခြားကျောင်းသူတစ်ယောက်က ခပ်မြန်မြန် လက်ထောင်ပြီးဖြေပြန်တယ်။

Darling ...I'm home [ COMPLETED ]Onde histórias criam vida. Descubra agora