အခန်းအပြင်ဘက် သူနာပြုမလေးပြန်ထွက်သွားပြီးတဲ့နောက် အခန်းထောင့်မှာ ချိတ်ထားတဲ့ ဂျူတီကုတ်ကို ဆွဲယူပြီး ရိပေါ်ဝတ်ဆင်လိုက်တယ်။ နောက်ပြီးရင်တော့ ရေတစ်ခွက်သောက်ဖို့ တွေးတယ်။ ဒီလိုပြင်ပလူနာတွေ့ချိန်တွေဆို ပုံမှန်ထက် စကားတွေအများကြီးပြောရတယ်လေ။
စားပွဲမှာ နေရာတကျဝင်ထိုင်ပြီးနောက် လက်ထဲက ရေဘူးကို စားပွဲတစ်နေရာပေါ်တင်ပြီး ချောင်းတစ်ချက်ဟန့်တယ်။ စာရင်းပေးထားတဲ့လူနာမှတ်တမ်းဖိုင်ကို စစ်ဆေးနေတုန်း တံခါးဖွင့်သံကြားတယ်။
" ထိုင်ပါ "
ဖိုင်ထဲက စာရွက်တချို့ကိုသာ ခေါင်းစိုက်ကြည့်နေရင်း ရိပေါ်ပြောလိုက်တယ်။သိပ်မကြာပါဘူး။ ထိုင်ခုံဆွဲယူသံနဲ့အတူ သိပ်မပြင်းလွန်းတဲ့ ရေမွှေးနံ့တစ်မျိုးကို ရိပေါ်ရှုရှိုက်မိတယ်။
" ဆွေးနွေးကြတော့မလား "
အရှေ့ကလူဆီ အာရုံလုံးဝစိုက်လိုက်တဲ့နောက်မှာ ရိပေါ်စက္ကန့်အနည်းငယ် ငြိမ်ကျသွားတယ်။ သူမြင်နေရတဲ့ ငွေရောင်မျက်မှန်ကိုင်းအောက်က အညိုရောင်ခပ်ရေးရေးလေး သန်းနေတဲ့ မျက်ဝန်းတွေကြောင့် ဖြစ်ပါလိမ့်မယ်။
" ဒေါက်တာ..ဒေါက်တာ "
" ဟင် "
မှင်သက်နေတဲ့ ရိပေါ်က မျက်စိရှေ့က လူဆီက ခေါ်သံကြားမှာ စိတ်နဲ့လူနဲ့ဟာ ပြန်ပေါင်းစည်းသွားပုံရတယ်။ တံတွေးတစ်ချက်မြိုချပြီး ဖိုင်ရဲ့အပေါ်ဆုံးစာမျက်nာဆီက အမည်နာမတစ်ခုကို စိတ်ထဲ ရေရွတ်လိုက်မိတယ်။
" ရှောင်ကျန့် "
" အရင်ကစိတ်ကျန်းမာရေးကုသမှုခံယူခဲ့တာလား"
" အင်း ကျွန်တော် ကနေဒါမှာ ကုသမှုခံယူခဲ့တာ "
တည်ငြိမ်ပြတ်သားနေတဲ့ အသံက ရိပေါ်အတွက် နားထောင်လွန်းကောင်းလွန်းပါတယ်။ ဒါပေမယ့် အသံပိုင်ရှင် ရှောင်ကျန့်ကတော့ နည်းည်းလေးတောင် စိတ်ရှည်နေပုံမပေါ်ပါဘူး။
" ပြင်းထန်ခဲ့လား "
" အင်း "
" အခုကော ဘယ်လက္ခဏာတွေ ပြန်ပေါ်လာလို့လဲ "
YOU ARE READING
Darling ...I'm home [ COMPLETED ]
FanfictionOh, won't you stay with me Cause you're all I need.