Zawgyi
××××××××××××××××××××××××××××××××
ပန်းရောင်စုံတို့ကွန်မြူးနေတဲ့
ရောင်စုံပန်းဥယျာဉ်ထဲဝယ်
အဖြူရောင်ပန်းလေးတစ်ပွင့်က
လေရူးနှင်ရာမယိမ်းယိုင်ဘဲ
ပန်းပိုင်ရှင်လာရာအရပ်ကို မျက်နှာမူလျက်သာ
ငေးကြည့်နေရှာသည်...။ဘေးဘီကလှပလွန်းတဲ့ပန်းရောင်စုံတို့ကို
ဂရုမထား...သူသိတာ ပန်းလေးပိုင်ရှင်..
သူ့ဆီလှမ်းလာဖို့သာ...။အဝေးဆီကလှမ်းမြင်နေရတဲ့
ပန်းရောင်စုံကြားက တစ်ပွင့်ထဲထင်းနေတဲ့
အဖြူရောင်ပန်းပွင့်လေး...ထိုပန်းလေးဟာ သူ့အပိုင်...
လှပတဲ့ပန်းရောင်စုံကိုငေးမိပေမယ့်
သူလက်လှမ်းရာ ပန်းလေးက
ပန်းဖြူလေးတစ်ပွင့်သာ...
ခူးဆွတ်ဖို့လဲမဟုတ် ပွင့်ဖတ်ခြွေဖို့လဲမဟုတ်..
နမ်းရှိုက်ရုံသာ...ပန်းလေးပိုင်ရှင်ရဲ့ လက်သွယ်သွယ်လေးတို့နှင့် ထိကိုင်လိုက်ချိန် ဘယ်ညာယိမ်းကာ
ပျော်ခွေ့နေရှာတဲ့ ပန်းဖြူလေးက ကမ္ဘာမှတစ်ပွင့်တည်းသော
အလှဆုံးသောပန်းလေး...။အလုပ်စားပွဲထက်မှာထိုင်ရင်း
မျက်မှောင်ကုတ်နေရှာတဲ့ လျံခေတ်မင်းက..
အတွေးခန်းဖွင့်နေပုံပင်..။"သူဋ္ဌေး.."
"ပြော"
" 'နှင်း' ကုမ္ပဏီကလေလံပွဲအတွက်
ဖိတ်ခိုင်းလိုက်တယ်..""လေလှံပွဲ "
"ဟုတ်ကဲ့ သူဋ္ဌေး "
"ဘယ်ချိန်လဲ "
"ဒီတစ်ပတ် တနင်္ဂနွေနေ့မှာပါ...သူဋ္ဌေး"
"ကောင်းပြီ သွားတော့ "
ထိုဝန်ထမ်းထွက်သွားတာနဲ့ ဖုန်းကိုယူပြီး
ဥာဏ်ပိုင်ထံဖုန်းခေါ်လိုက်သည်..။"လေလံပွဲရှိတာလား.."
"ကျွန်တော်တော်ခုပဲ ခေါင်းဆောင်ကို
ဖုန်းဆက်ပြောမလို့..""ဟက် လေလံပွဲအကြောင်းပြပြီး
တစ်ခုခု စီစဉ်နေပုံပဲ ဒါနဲ့ နောက်ယောင်ခံလိုက်ခိုင်းတာ ဘာတွေသိရပြီလဲ ""ခုလေလံပွဲ ကိစ္စပြင်ဆင်နေတာကလွှဲရင်တော့
အကြောင်းမထူးသေးဘူး
သက်နှင်းခဘက်က မရိပ်မိသေးဘူးထင်တယ်
ခေါင်းဆောင် "
DU LIEST GERADE
CANDY is MINE🔞Z+U{COMPLETED}
Romantikကိုယ့်ကိုထားပြီးဘယ်ကိုမှ ထွက်သွားဖို့မစဉ်းစားနဲ့ Candy မင်းကကိုယ့်အပိုင်မလို့ပဲ... လျံခေတ်မင်း အတ္တကြီးလွန်းတဲ့ခင်များကို ကျွန်တော်မုန်းတယ်...... ခင်များကကျွန်တော့်အတွက်တော့နတ်ဆိုးပဲ... ခတ...