Zawgyi
××××××××××××××××××××××××××××××××
အတန်းထဲမှာထိုင်နေတုန်း ဘေးနားကနေ
သက်သစ် စကားတွေပြောနေပေမယ့်
အာရုံတွေဟာ သူ့ဆီမရောက်ပဲ အတွေးတွေထဲ
ပြန့်နှံ့လျက်... ။ကျောင်းစတက်တက်ချင်းနေ့မှာ
ခုလိုဖြစ်မယ့်လို့ ကျွန်တော်မတွေးခဲ့မိဘူး
ခင်များရဲ့...။Daddy ကျွန်တော့်ကို စိတ်ဆိုးနေပြီလား...။
တကယ်ဆိုကျွန်တော်မှားတာပါ..
Daddy စကားကိုကျွန်တော်မတုံ့ပြန်လိုက်
သင့်တာ...။"တံခွန် တံခွန် ခတံခွန် "
"အမ် ဟမ် ဘာလဲ "
"မင်းငါပြောတာရောနားထောင်နေလား.."
"ဟို ဘာပြောလိုက်တာလဲ "
"မင်းကွာ ငါဒီလောက်ပြောပြနေတာကို
ဘာတွေတွေးနေတာတုန်း ""ဘာမှမဟုတ်ပါဘူး ပြောပြော "
"တော်ပြီ မပြောတော့ဘူး ဒီတစ်ချိန်ပြီးရင်
canteen သွားထိုင်ရအောင် ""အင်း "
......................................................................
Canteen မှာသက်သစ်ရယ် သူ့တခြား
သူငယ်ချင်းတွေရယ်နဲ့အတူထိုင်နေတုန်း
ဖုန်းသံမြည်လာတာမို့ Daddy များလား
ကြည့်လိုက်ပေမယ့် မမဆီကရယ်..။"Hello "
"သားသား မမတောင်းပန်တယ်နော်
မနက်က ကိစ္စ..""ဟာ မဟုတ်တာ မမရဲ့ မမမှ မမှားတာကို
တကယ်ဆို သားတောင်းပန်ရမှာ
သားချစ်သူကြောင့် မမစိတ်ရှုပ်ရတာ ""မဟုတ်ပါဘူးကွယ် မမသာမှားတာ
ကဲ ဒါကြောင့်တောင်းပန်တဲ့အနေနဲ့
သားသားကြိုက်တဲ့ ဆိုင်မှာ မမရေခဲမှုန့်
လိုက်ကျွေးမယ် ""ဟုတ် မမ "
"အခုနော် မမကျောင်းရှေ့လာခေါ်မယ် "
"ဟင် သားခဏနေအတန်းရှိသေးတယ် "
"ခဏပါပဲ ပြီးရင်မမ အတန်းမှီအောင် ပြန်ပို့ပေးမယ် "
"အင်း ဟုတ် ဒါနဲ့မမကဘာနဲ့လာမှာလဲ "
"ကားကရပြီလေ အဲ့တာကြောင့်လာခေါ်မလို့
မမခုထွက်လာပြီ နော် သားသား "
STAI LEGGENDO
CANDY is MINE🔞Z+U{COMPLETED}
Storie d'amoreကိုယ့်ကိုထားပြီးဘယ်ကိုမှ ထွက်သွားဖို့မစဉ်းစားနဲ့ Candy မင်းကကိုယ့်အပိုင်မလို့ပဲ... လျံခေတ်မင်း အတ္တကြီးလွန်းတဲ့ခင်များကို ကျွန်တော်မုန်းတယ်...... ခင်များကကျွန်တော့်အတွက်တော့နတ်ဆိုးပဲ... ခတ...