Zawgyi
××××××××××××××××××××××××××××××××
သွေးအထွက်လွန်ကာ ကျည်မှန်ထားသော
လူနာရောက်လာသည်မို့ ဆေးရုံက
တာဝန်ကျ ဆရာဝန်တွေ အလုပ်ရှုပ်ကုန်တော့သည်... ။"ဆရာ အရေးပေါ်လူနာရောက်လာလို့
ကျည်ထိထားပြီး သွေးထွက်လဲလွန်နေတယ်.."လျံခေတ်မင်းဆေးရုံရောက်တာနဲ့
သူနာပြုဆရာမလေးရဲ့ စိုးရိမ်တစ်ကြီး
စကားဆိုသံတွေ...။ခေတ်နားအပြေးအလွှား
ရောက်လာကြတဲ့ ဆရာဝန်တွေ...။
ခွဲခန်းအသင့်ပြင်ခိုင်းတဲ့ ဒေါက်တာတွေ..။
တော်တော်များများ အလုပ်ရှုပ်သွားမယ်ထင်ပါရဲ့..။အဖြူရောင်ဆေးရောင်တွေနဲ့ချယ်ထားသော
ဆေးရုံရဲ့ တစ်ခုသောအခန်းမှာ ဆေးနံ့တို့နဲ့အတူ
သွေးညီနံ့တို့လဲ ပျံ့လွှင့်နေသည်...။ခွဲစိတ်ခန်းကုတင်ထက်က ကောင်လေးက
သေမင်းနှင့်အားပြိုင်ကာ အသက်လုနေရပုံပင်...။
ဆရာဝန်တွေလဲ ကိုယ်စွမ်းရှိသလောက်
ကြိုးစားနေကြပေမယ့် ကျည်မှန်ထားတဲ့
နေရာမှာ သွေးတို့အဆက်မပြတ်ထွက်နေတာမို့
အသားထဲနစ်ဝင်နေသောကျည်ကိုပင်ရှာမရဖြစ်နေသည်...။"ဆရာ သွေးအရမ်းထွက်နေတယ်
သွေးပေါင်လဲဆက်တိုက်ကျနေတယ် ...""သွေးအိတ်လိုလောက်မယ်...သွား
ငှာန ၁ မှာ B သွေး နှစ်အိတ်လောက်
ယူခဲ့ ""ဟုတ်ကဲ့ ဆရာ..."
ခွဲစိတ်ခန်းထဲမှာ တာဝန်ကျတဲ့ လက်ထောက်
ဆရာဝန်လဲ ခွဲခန်းအပြင်ကိုသွေးအိတ်
ယူရန်ပြေးထွက်လာသည်...။ခွဲစိတ်ခန်းရဲ့ အပြင်ဘက်တွင် ခေတ်အား
စောင့်ဆိုင်းနေသူတွေတန်းစီလို့ရယ်..။ဆေးပိုက်တန်းလန်းနဲ့ ကလေးငယ်ဟာလဲ
နှုတ်ခမ်းတွေဖြူရော်လို့ အားပြတ်နေတဲ့အသွင်နှင့်
ခုံတန်းလေးထက်မှာထိုင်ရင်း
ချစ်ရသူထွက်လာချိန်ကို စောင့်ဆိုင်းနေသည်..။ခွဲခန်းတံခါးဖွင့်တာမြင်တာနဲ့ စောင့်နေသောသူ
ထွက်လာတော့မလား ငေးကြည့်ပေမယ့်
ဒေါက်တာ တစ်ယောက်သာထွက်လာသည်..။
အထဲက ချစ်ရသူရဲ့အခြေအနေကိုသိချင်တာမို့
တုန်ယင်သောအသံတို့ဖြင့် အမေးရှိမိသည်..။
![](https://img.wattpad.com/cover/255047389-288-k235284.jpg)
ČTEŠ
CANDY is MINE🔞Z+U{COMPLETED}
Romanceကိုယ့်ကိုထားပြီးဘယ်ကိုမှ ထွက်သွားဖို့မစဉ်းစားနဲ့ Candy မင်းကကိုယ့်အပိုင်မလို့ပဲ... လျံခေတ်မင်း အတ္တကြီးလွန်းတဲ့ခင်များကို ကျွန်တော်မုန်းတယ်...... ခင်များကကျွန်တော့်အတွက်တော့နတ်ဆိုးပဲ... ခတ...