Part-18

16.6K 819 23
                                    

Zawgyi

××××××××××××××××××××××××××××××××

မှောင်ရိပ်ကျနေတဲ့ ဆေးရုံတစ်ခုရဲ့
စင်္ကြန်လမ်းမှာ လူသူတိတ်ဆိတ်လို့နေတယ်..။
ခပ်ယဲ့ယဲ့လေး ဖြာကျနေတဲ့ လရောင်
မှိန်မှိန်လေးက လွှဲရင် အားလုံး အမှောင်အတိ
ကျနေလေတယ်...။

လူနာတွေအားလုံးရဲ့ အိပ်ချိန်လဲ
ဖြစ်သည်ကြောင့် ဆေးရုံမှတာဝန်ရှိသူတွေလဲ
အသီးသီး အနားယူနေကြလေပြီ..။

တိတ်ဆိတ်ပြီး အေးစက်စက် အမှောင်ထုထဲမှ
ခပ်ယဲ့ယဲ့ အသံလေးကို နားစွံ နားဖျား
ကြားမိလိုက်သလိုပင်...။

သေချာစူးစမ်းနားထောင်မိတော့
လူနာခန်းတွေထဲက တစ်ခန်းမှ အသံ ဖြစ်သည်..။

စူးစမ်းလိုစိတ်ကြောင့် ထိုအခန်းရှိရာကို
ခြေဦးလှည့်ရင်း အခန်းဝနားရောက်တော့
ခြေအစုံကို ရပ်လိုက်သည်...။

အခန်းထဲမှ ကြားနေရတဲ့ အသံယဲ့ယဲ့လေးက
စကားတစ်စုံတစ်ရာဆိုနေဟန်ပင်..။

လုံခြုံရေး ဦးလေးကြီးဟာလဲ ခေါင်းကို
တစ်ချက်ခါရင်း အခန်းရှေ့မှ လှည့်ထွက်လာခဲ့သည်..။

တိတ်ဆိတ်နေတဲ့ စင်္ကြန်ထက်မှာ ထိုဦးလေးကြီးရဲ့
ဖိနပ်သံ လေးကိုလဲ ကြားလိုက်ရသည်..။

ခြောက်ခြားဖွယ်ကောင်းတဲ့ ထိုနေရာ
ထိုညကြီးမှာ လူနာခန်းထဲက ကောင်လေး
ရေရွတ်နေသည်က....

"ခေတ်က ငါ့ကိုချစ်တာ ခေတ်က ငါ့ကိုချစ်တာ.."

ထိုစကားလေးသာ အထပ်ထပ်ရေရွတ်ရင်း
ကုတင်ထက်မှာ ငုတ်တုတ်ထိုင်နေတဲ့
ကောင်လေးတစ်ယောက်..။ဟုတ်ပါသည်..
သူက ဝဏ္ဏသော် ပါပဲ..။

ထိန်းချုပ်မရတော့တဲ့ စိတ်ခံစားချက်တွေကြောင့်
စိတ်ဖောက်ကာ စိတ်ကျန်းမာရေးဆေးရုံသို့
ရောက်လာခြင်း ဖြစ်သည်...။ဆေးရုံရောက်က
တည်းက ဘယ်သူဘာပြောပြော ဘာမှမဖြေဘဲ
ခေတ်ဆိုသည့် အမည်သာတနေတတ်သည်..။

ထိုကောင်လေးက သူခေါ်ဆိုနေတဲ့ ခေတ်ဆိုတဲ့
ကောင်လေးကလွှဲရင် မည်သူ့ကိုမှ သိတော့ဟန်
မတူ...။ မှတ်ဥာဏ်နဲ့ နှလုံးသားထဲမှာ
စွဲမြဲနေအောင် မှတ်ထားသည့် လျံခေတ်မင်း
ကလွှဲရင် တကယ်ကို ဘယ်သူ့ကိုမှ
မသိတော့ပေ...။

CANDY is MINE🔞Z+U{COMPLETED}Tempat cerita menjadi hidup. Temukan sekarang