part-1(ငါကဘယ်သူလဲ??)

1K 48 7
                                    

Unicode

"တောက်ခ်! ဘာလားပဲ ဖတ်ဖူးသမျှBL ထဲမှာ ဒါကိုစိတ်အကုန်ဆုံးပဲ ဂါးးးး စာရေးဆရာမက တကယ့်psychopathလား ဘယ်လိုအရူးမလဲဟာ ဘာဇာတ်သိမ်းကြီးလဲ"

ပါးစပ်ကလဲပြောသလိုလက်ကလဲ ကိုင်ထားတဲ့စာအုပ်ကိုပါကုတင်အစွန်းထိ ကောက်ပစ်လိုက်သည်။

"ဒေါသထွက်ရလွန်းလို့ ဗိုက်တောင်ဆာတယ် s**t"

အားကစားအင်္ကျီအနွေးထည် အိတ်ကပ်ထဲက တစ်ထောင်တန် နောက်ဆုံးလက်ကျန် တစ်ရွက်က သူမကို လှောင်ပြနေတယ်။

ဆာလောင်နေတဲ့ဝမ်းမီးကိုငြိမ်းဖို့ သူမတို့လမ်းထိပ်က
Minimart သို့ထွက်လာခဲ့လိုက်သည်။

အသင့်စား ဆန်ပြုတ်ဘူး မဖြစ်သေးဘူး 500ကြီးများတောင်

အသင့်စားမားမားဗူး ဒါလည်းမဖြစ်သေးဘူး လိုအင်ဆန္ဒနဲ့ ဝင်ငွေကမမျှဘူး

နောက်ဆုံးတော့ 200တန် မားမားဆီချက်ထုတ်လေးနှစ်ထုတ်သာ ယူပြီး ငွေရှင်းပြီး မစားရဝခမန်း 2000တန် ပဲခေါက်ဆွဲထုတ်ကြီးအား ငေးမျှော်ကာကြည့်ရင်း ထွက်လာခဲ့တော့သည်။

"သား....!"

"ကလေး မပြေးနဲ့"

သူမရဲ့​မျက်လုံးထောင့်စွန်းနားကနေဖြတ်ခနဲ မြင်တွေ့လိုက်ရသောပုံရိပ်လေးနှစ်ခု။ ခွေးလေးပြေးသွားတဲ့နောက်ကိုပြေးလိုက်သွားတဲ့ 5နှစ်အရွယ် ကလေးလေးတစ်ယောက် ဟိုဘက်ကနေ အရှိန်နဲ့လာနေတဲ့ ကုန်တင်ကားတစ်စီး သူမကိုသူမဘာလုပ်မိလိုက်မှန်းမသိ သူမရဲ့အလိုအလျောက်လှုပ်ရှားမိသွားတဲ့ ခန္ဓာကိုယ်က ဂျိမ်း ခနဲမြည်သံနဲ့အတူလေထဲမှာ မြောက်တက်သွားပြီးတဲ့နောက်မှာ ကားနဲ့တော်တော်ဝေးဝေးမြေပြင်တစ်နေရာပေါ်မှာ အကာအကွယ်မဲ့စွာ ပက်လက်ကလေးလဲကျသွားခဲ့တယ်။ သူမတွန်းထုတ်လိုက်တဲ့ကလေးလေးရဲ့ငိုသံနဲ့ ကလေးမိခင်ရဲ့ငိုသံကြီးတို့ပတ်ဝန်းကျင်ရဲ့တဖြည်းဖြည်းနီးကပ်လာတဲ့အသံတို့ကို ကြားတဲ့အခါမှာ
ထော့နဲ့ ထော့နဲ့ကလေးလေးက ဒဏ်ရာအနည်းငယ်ရသွားသည်မှအပအန္တရာယ် ကင်းပုံသေချာသွားတော့မှ သူမရဲ့ နှုတ်ကရေရွတ်သံတိုးတိုးလေးက သူမတစ်ကိုယ်စာ ကြားသာရုံ မပွင့်တပွင့် ဆိုလိုက်သည်က

ဗီလိန်ပီသစွာနဲ့ပြန်လည်ရှင်သန်လာတဲ့ဧကရီWhere stories live. Discover now