Part-9

279 36 16
                                    

Unicode

"အရှင်မ ပုဝါကချွတ်လို့မရပါဘူး"

"စိတ်အိုက်တယ်ဟ "
ဘယ်နှယ့် စေ့စပ်ပြီးသား ဒါမှမဟုတ် လက်ထပ်ပြီးသား ဒါမှမဟုတ်  သက်ဆိုင်သူရှိတဲ့မျိုးရိုးမြင့် အပျိုမှန်သမျှမျက်လုံးသာဖော်ဝတ်ခွင့်ရှိတယ်ဆိုတဲ့ ရူးကြောင်ကြောင် ဥပဒေကို ဘယ်အသုံးမကျတဲ့ခွေးက ထုတ်ထားတာလဲ?လို့စိတ်ထဲက မကျေမနပ် ရွတ်ဆိုလိုက်မိ၏။

ထိုအချိန် အငြိမ်းစားယူသွားသောအရင်အင်ပါယာဧကရာဇ်နှင့်တကွ ညီလာခံကအကြံပေးအကြီးအကဲများ:  ဟပ်ချိုး

ဘယ်သူကများငါတို့ကိုကြိမ်းမောင်းနေသလဲလို့တွေးမိကြ၏။

"အရှင်မမဖြစ်မနေဝတ်ဆင်ရပါမယ် ဒါနိုင်ငံရဲ့အခြေခံကျပြီးအရေးကြီးဥပဒေပါ ဒဏ်ငွေရောထောင်ဒဏ်ပါချမှတ်လို့ရပါတယ်"

'အမလေး ငါ့ပိုက်ဆံတွေ မဖြစ်သေးပါဘူး'

"ဒါဆိုအနိမ့်တန်းမျိုးရိုးမြင့် ပုဝါပေး"

"ရှင်"

'အရှင်မက ပိုပိုပြီးထူးဆန်းလာတယ် အရင်ရွံရှာစရာဆိုပြီးအမှောင်ညစျေးတန်း ကို ဘယ်တုန်းကမှမသွားဖူးတဲ့ အရှင်မက ဘယ်လိုလုပ်ပြီး ညစျေးတန်းကို သွားချင်သွားရတာလဲ'

ဆိုဖီယာရဲ့အကြည့်ကနေသူမကိုထူးဆန်းသလိုထင်နေကြောင်းသတိထားမိသည်နှင့်

" ဘဝဆိုတာအမြဲတသမတ်တည်းမသွားဘူး"

ဟုကြီးကြီးကျယ်ကျယ် မော်ကြွားဟန်လုပ်ကာ သာမာန်အမှုထမ်း အနိမ့်တန်းမျိုးရိုးမြင့် သခင်မလေးတစ်ယောက်လို သာမာန်အနိမ့်တန်း နည်းနည်းသာကောင်းသည့် ချည်ဂါဝန်ရှည်ကိုဝတ်ဆင်ကာ
ပေါင်လယ်လောက်နွဲ့ယမ်းနေသောအနီရောင်ဆံနွယ်တို့အား ဆံထိုးတစ်ခုဖြင့်ထိုးတင်ကာ အပေါ်က ဖျင်ကြမ်းပုဝါတစ်ထည်အားမျက်လုံးမြင်သာရုံလောက် ခြုံကာ ဂါဝန်ကိုမ၍ ဂါဝန်အောက်ကအောက်ခံဘောင်းဘီရှည် မြင်ရလောက်သည်ထိနည်းနည်းလမ်းလျှောက်ရပေါ့ပါးအောင်မကာ တံခါးရှေ့ကသက်တော်စောင့်များအား ချောင်းကြည့်ကာ

"ဒီလူတွေကိုဘယ်လိုပထုတ်ရမလဲ"ဟုလေသံလေးနဲ့နှစ်ကိုယ်ကြားသာရုံ ဆိုဖီယာ အားသတိအပြည့်ဖြင့်စိုးရိမ်မှုအနည်းငယ်နဲ့လှမ်းမေးလိုက်၏။

You've reached the end of published parts.

⏰ Last updated: Apr 10, 2022 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်ပီသစွာနဲ့ပြန်လည်ရှင်သန်လာတဲ့ဧကရီWhere stories live. Discover now