part-3(ပြောင်းလဲသွားတဲ့ဧကရီ)

287 51 0
                                    

"ဧကရီ နိုးလာပြီ သမားတော်ခေါ်ကြ"

သူမနိုးသည်နဲ့ သူမရဲ့ဘေးမှာ ရှိနေသော အထိန်းတော်ကြီး နာတာလီ ရဲ့ စိုးရိမ်သံအပြည့်ကို ဦးစွာကြားလိုက်ရပြီး သူမလူးလွန့်ထလာတော့ နာတာလီ က သူမကို ဖေးကူကာ ထိုင်စေပြီး သက်သာရဲ့လား သာတွင်တွင်မေးနေတော့သည်။

" ဆိုဖီယာရော နာတာလီ"

"ဆိုဖီယာ က ဧကရီ ကိုကောင်းကောင်းမစောင့်ရှောက်နိုင်တဲ့ အပြစ်ဒဏ်အတွက် မြို့စားကြီးဆီ အပြစ်ခံယူဖို့ သွားရောက်နေတယ်"

"ဘာ ခုချက်ချင်း ခရစ်စတိုဖာ ကို ပြင်ထား"

"မဖြစ်ပါဘူး ဧကရီ ၊ ဧကရီက ခုမှ သတိပြန်ရခါစပါ ဧကရီ သတိမေ့နေတာ တစ်ပတ်တောင်ရှိနေပါပြီ"

"နာတာလီ"

သူမရဲ့ ခပ်တင်းတင်း ခေါ်လိုက်တဲ့ စကားသံဆုံးသည်နဲ့ နာတာလီ တစ်ယောက် မပြောနိုင်မှန်း သိသည်နဲ့ ကိုယ်ကိုယို့၍သာ ရှောင်ထွက်သွားတော့သည်။

နံရံက မှန်ဘောင်ထဲတွင် တမြတ်တနိုး သိမ်းထားတဲ့ သူမရဲ့ လေး နဲ့မြှားတို့ကို ကိုင်ဆောင်ကာ ညအိပ်ဝတ်စုံ အဖြူပေါ် ရွှေရောင် ဇာခြုံထည်လက်ရှည် နဲ့ပင် ခရစ်စတိုဖာ ဆိုတဲ့ သူမရဲ့ အချစ်ဆုံး မြင်းနက်ကြီးရှိတဲ့ မြင်းဇောင်းကိုအပြေးအလွှားသွားကာ မျက်လုံးကိုသာ ဖော်ထားတဲ့ ပုဝါ တလွင့်လွင့်နဲ့ သူမရဲ့ အသွင်က နန်းတော်စောင့်များနဲ့ မြင်းဇောင်းနဲ့မနီးမဝေးက လေ့ကျင့်ရေးဆင်းနေတဲ့ စစ်သည်တော်သူရဲကောင်းတွေအတွက် ဧကရီက ဘာအတွက်များ ညဝတ်လဲတော်တောင် မလဲဘဲ ဘယ်သောအခါမှ မလာဖူးတဲ့ မြင်းဇောင်းလိုနိမ့်ကျတဲ့နေရာကိုကိုယ်တိုင်ရောက်လာရသလဲဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်စေတော့သည်။

သူမအတွက်တော့ ခုချိန် မြို့စားကြီး သူမအဖေဆီ အရောက်သွားဖို့လောက် ဘာကမှအရေးကြီးမနေတော့။
ဘယ်လောက်များအဓိပ္ပါယ်မရှိလိုက်သလဲ သူမဘာသာ ဘုရင်ရဲ့အာရုံစိုက်မှုကိုလိုချင်လို့ ပန်းအဆိပ်သောက်ကာ သေဖို့ကြံစည်သည်ကို သူမရဲ့သက်တော်စောင့်လဲတစ်ဖြင့် ကိုယ်ပိုင်အထိန်းတော်လေး လဲဖြစ်တဲ့ ဆိုဖီယာကို အပြစ်​ပေးမည်တဲ့လေ။

ဗီလိန်ပီသစွာနဲ့ပြန်လည်ရှင်သန်လာတဲ့ဧကရီWhere stories live. Discover now