အိစက်ညက်ညောတဲ့မွေ့ယာထူကြီးပေါ်တွက်လူးလှိမ့်ရင်း သူမ မှတ်ဉာဏ်အပိုင်းအစတွေကိုတတ်နိုင်သလောက် စုစည်းကြည့်ပေမဲ့ ဘယ်လိုမှသူမစဉ်းစားမရ။
တွေးမရတဲ့နောက်ဆုံး သူမ ဟိုဒီလူးလိမ့်ရင်း အိပ်ပျော်သွားတော့သည်။
ငါဘယ်ရောက်နေတာလဲ မှောင်မဲပြီးအေးစက်နေတဲ့အသိတစ်ခုသာ ကြီးစိုးနေ၏။
သို့ပေမဲ့သူမလျှောက်ရင်း မှောင်မဲနေတဲ့မြေအောက်ခန်းထဲကိုထိုးဖောက်ဝင်ရောက်လာတဲ့ပြူတင်းမှအလင်းတစ်ခုက ကိုယ်လုံးပေါ် ရှေးဟောင်းကနုတ်ပန်းတွေနဲ့တော်ဝင်ဆန်တဲ့မှန်ကြီးတစ်ချပ်စီ ကျရောက်လျက်သား။ သူမတရွေ့ရွေ့ မှန်ကြီးရှိရာစီ စူးစမ်းလိုစိတ်တို့ရဲ့ခေါ်ဆောင်ရာ သို့လျှောက်သွားလိုက်သည်။မှန်ထဲမှ ကျောခိုင်းလျက်သား ဒူးပေါ် မျက်နှာမှောက်ကာ ကျုံ့ကျုံ့လေး တသိမ့်သိမ့်ရှိုက်ငိုနေသော ကျောက်စိမ်းအသွင် ဆီးနှင်းရောင် ကြည်လင်တောက်ပတဲ့အသားအရည်နဲ့ ကျောပြင်သေးသေးလေးကို သူမ ငေးကြည့်နေမိလိုက်၏။
အသားအရည်ကြည်လင်တောက်ပမှုက မှောင်မဲနေတဲ့ အခန်းတစ်ခုထဲကအလင်းဖြာတဲ့နေရာလေးမှာ ထိုင်နေတဲ့သူမကို မျက်စိပင်ကြိမ်းမတတ်အလင်းတွေဖြာနေသလိုထင်ရစေ၏။ ဒါ့အပြင် ထိုမိန်းမငယ်လေးရဲ့ ကျောပြင်သေးသေးလေးတင်မက ကြမ်းပြင်၌တွင်ပုံအိကျနေသော ပတ္တမြားရောင် တောက်ပတဲ့အနီရောင်ဆံနွယ်များက ဂန္တဝင် ဆန်ဆန် နတ်ဘုရားမလေးအလားထင်ဟပ်နေစေ၏။
သူမ ငေးကြည့်နေရင်း ထိုမိန်းမငယ်လေးက ခေါင်းလေးမော့လာကာမတ်တပ်ရပ်လျက် သူမဆီဖြည်းဖြည်းချင်းလှည့်လာ၏။
ခြေမျက်စိသို့ရောက်လုနီးပါးရှည်လျားတဲ့ classic ဆန်ဆန် ပါးလျနူးညံ့နေတဲ့ သူမရဲ့လှပတဲ့ညှပ်ရိုးများနဲ့ ဆင်စွယ်လိုလက်မောင်းသွယ်သွယ်လေးများကိုမြင်ရတဲ့ ဇာဖဲပြားကြိုးထုံးလေးက ပခုံးပေါ်တွင် ပနံသင့်စွာ ရိုးရှင်းတဲ့ အဖြူရောင်ဂါဝန်ရှည်နဲ့ နိုးထလာတဲ့နတ္ဘုရားမေလးအလား သူမမှင်သက်စွာ ငမ်းနေ အဲ...ငေးနေမိ၏။မိုးမခကိုင်းလို သွယ်တန်းနေတဲ့ မျက်ခုံးနက်နက်များ ဖြန့်ကျက်ထားတဲ့ယပ်တောင်အသွင် ရှည်လျားကော့ညွတ်နေတဲ့ မျက်တောင်များဝန်းရံထားတဲ့ အနီရောင်စိန်တစ်ပွင့်အလား ရွှန်းလဲ့နေသောမျက်ဝန်းများက ဝမ်းနည်းမှုနာကျင်မှု ယူကျုံးမရမှုတို့နဲ့ပြည့်နှက်နေပြီး ပန်းရင့်ရောင် နှုတ်ခမ်းဖူးဖူးများကတုန်ရီနေကာ သူမဆီ လျှောက်လှမ်းကာ မှန်ရဲ့ မျက်နှာပြင်ကို ထိကပ်ခဲ့တဲ့ လှပလွန်းတဲ့ လက်ချောင်းသွယ်သွယ်လေးများဆီ သူမ ရဲ့လက်တို့ကအလိုအလျောက်ထိတွေ့မိသွားသည်နဲ့ နာကျင်စရာ အပိုင်းပိုင်းအစစ မှတ်ဉာဏ်များက သူမရဲ့ဦးနှောက်ထဲ သို့တိုးဝင်လာတော့သည်။
YOU ARE READING
ဗီလိန်ပီသစွာနဲ့ပြန်လည်ရှင်သန်လာတဲ့ဧကရီ
FantasyUnicode 21ရာစုက bl ဝတ္ထုတွေ Mangaတွေ Manhua တွေ Manhwa တွေစွဲလမ်းနေတဲ့ bisexual လို့ခံယူထားတဲ့ Fujoshi ကောင်မလေးတစ်ယောက် သူမဖတ်နေတဲ့ BL Novelထဲရောက်သွားပြီး Villiamဘုရင်မအဖြစ် နိုးထလာတဲ့အခါမှာ....... Zawgyi 21ရာစုက bl ဝတၳဳေတြ Mangaေတြ Manhua ေတြ M...