part-7

209 45 8
                                    

Unicode

"ဒုန်း"
ကျယ်လောင်စွာထိခတ်သံကြောင့် နူးညံ့လွန်းလှတဲ့မွေ့ယာပေါ်မှာနှစ်ခြိုက်စွာ အိပ်မောကျနေတဲ့အနီရောင်ဆံနွယ်ရှည်ကြီးပြန့်ကျဲနေတဲ့ငှက်မွှေးခေါင်းအုံးထက်မှာ မှေးယှက်နေတဲ့ ယပ်တောင်သဖွယ်ဖြန့်ကားထားတဲ့ မဟူရာရောင်မျက်တောင်တို့ကို ဖြည်းညင်းစွာ အားယူရင်းဖွင့်ကာ နတ်ဘုရားမတစ်ပါးအသွင်ရှိတဲ့ အလှလေး နိုးလာခဲ့၏။

ထို့နောက်သူမရဲ့ နှင်းဆီရောင်သမ်းနေတဲ့ နူးညံ့လှတဲ့နှုတ်ခမ်းလွှာကြားက တိုးသဲ့သဲ့ပဲ့တင်လာတဲ့စကားလုံးတွေက

'ဘယ်လူလိုနားမလည်တဲ့ ခွေးတိရိစ္ဆာန်က ငါ့ကိုလာနှောင့်ယှက်နေတာလဲ'

စိတ်ညစ်ညူးစွာမျက်စိရှေ့ကဆံနွယ်တွေကိုဖြစ်သလိုထိုးသပ်တင်ရင်း တံခါးဝကအသံကိုနားစွင့်လိုက်တော့

သက်တော်စောင့်: 'အရှင်မင်းကြီး ဝင်လို့မရပါဘူး သခင်မလေး အနားယူနေပါတယ်'

မင်းကြီး:"ကောင်းတယ် အရမ်းကောင်းတယ် ငါ့လိုဒီနိုင်ငံရဲ့ဘုရင်ကိုတောင်တားဝံ့လောက်အောင် မင်းတို့ မြောက်ပိုင်းကအစေခံတွေကသိပ်ရဲရင့်နေတယ်ပေါ့။မြောက်ပိုင်းကအစေခံတောင်ငါ့ကိုမလေးစားတာ ငါကဘာကိုမျှော်လင့်ပြီးလာခဲ့မိတာပါလိမ့်"

သက်တော်စောင့်:"ကျွန်တော့်တာဝန်အရပါ"

အပြင်ကစကားသံ၏ပိုင်ရှင်ကိုသိသည်နဲ့ အိပ်ယာပေါ်မှအလှလေးဟာ သူမရဲ့ညအိပ်ဂါဝန်လေးနဲ့ကိုပင် သတိမကပ်နိုင်ဘဲတံခါးဆီသို့ လွှားခနဲအလျင်စလိုသွားကာဖွင့်လိုက်၏။

တံခါးဖွင့်သံကြောင့် တံခါးဝ တွင်အချင်းများနေတဲ့လူနှစ်ဦး၏အာရုံကသူမပေါ်လုံးဝသက်ရောက်လာ၏။

အလျင်စလိုအရောက်တံခါးဝတွင်ပေါ်လာတဲ့နူးညံ့အားနည်းလှတဲ့ပုံရိပ်လေးကိုစောင်းငဲ့ကြည့်ရင်း ဆီဇာ တစ်ယောက် သူ့၏အတွေး၌ "ဟမ့် မြောက်ပိုင်းဘုရင်ခံကငါ့ကိုဘယ်လောက်ပဲမလေးစားဝံ့ဦး သူ့သမီးဖြစ်တဲ့ ဒီအားနည်းတဲ့မိန်းမက ငါ့ကိုမလွန်ဆန်နိုင်တဲ့ခပ်တုံးတုံးမိန်းမပဲ" လို့တွေးမိလိုက်၏။

ဗီလိန်ပီသစွာနဲ့ပြန်လည်ရှင်သန်လာတဲ့ဧကရီWhere stories live. Discover now