" ဟာ ... ဒုက္ခပါဘဲ! ဒီပုံစံအတိုင်းဆိုတစ်ဆိုင်မှတွေ့ မှာကိုမဟုတ်ဘူး..."
" ဒီလောက်နှင်းကျနေတာကို စာအုပ်ဝယ်ချင်နေတာ
နင်လေ..."
" တော်ပါတော့ဟယ်... ဒီအထိရောက်နေပြီဟာကို.."
" ဟဲ့နေကြဦး...ဟိုဆိုင်ကစာအုပ်ဆိုင်မလား..."
"ဟင်းး...နင့်ဟာကလည်းအဟောင်းဆိုင်ကြီးလိုပဲ
နင်လိုချင်တဲ့စာအုပ်ရှိမှာမဟုတ်ဖူး .."
" နောက်ကျနေပြီ...ဒီဆိုင်ကိုပဲဝင်ကြည့်လိုက်တော့ ..."
" လာပါ...ဝင်ကြည့်လိုက်တာပေါ့..."အိုဟောင်းနေတဲ့တံခါးတစ်ချပ်ကိုဖွင့်ကာဝင်သွားကြတော့တယ်။ ဝင်ဝင်ချင်းရလိုက်တဲ့ဖုန်နံ့က
ခပ်ပြင်းပြင်းရယ်..။
လေထုကသိပ်တော့မပါးလျလှဖူး။
မီးလေးမှိန်မှိန်အောက်က
စာအုပ်စင်တို့က ခပ်လွေလွေအရောင်
သန်းနေတုန်းမှာပဲ " ကြိုဆိုပါတယ် " လို့
ဆိုင်ရှင်အဘိုးကနှုတ်ဆက်တော့ သူတို့အုပ်စုလည်း
ခေါင်းညိမ့်အသိအမှတ်ပြုပြီး စာအုပ်စင်တွေရှိရာကို ဦးတည်သွားလိုက်ကြတော့တယ်။" Iris! နင်လိုချင်တဲ့စာအုပ်ရှိလား
ရှာကြည့်လိုက်လေ ... "Rose ကပြောလိုက်တော့Iris ကလည်းထုံးစံအတိုင်း
သူ့စိတ်ကြိုက်စာအုပ်ကိုရှာဖွေနေတော့တယ်။
ကျန်တဲ့လေးယောက်ကလည်းဆိုင်လေးထဲက
စာအုပ်လေးများကို လိုက်လံကြည့်ရှုနေတော့တယ်။" မမ Dahlia သမီးရောဒီစာအုပ်လေးဝယ်လို့ရလား..."
Violet စကားသံကြောင့် အားလုံးရဲ့အကြည့်တွေက
ထိုစာအုပ်လေးပေါ်ကျရောက်သွားတော့တယ်။"နင်လိုချင်တယ်ဆိုရင်ဝယ်လိုက်လေ ...
ငါလည်းကပ်ပြီးဖတ်မယ်နော်ဟီးး... "သည်လိုနဲ့ Daisy အပြောကြောင့်ထိုစာအုပ်လေးကို
ဝယ်ဖို့အားလုံးသဘောတူလိုက်သည်။
ခပ်နွမ်းနွမ်းစာအုပ်လေးတစ်အုပ်က သူတို့
ငါးယောက်ရဲ့ ကံကြမ္ပာကိုပြောင်းလဲတော့မယ်ဆိုတာကိုတော့သူတို့မသိ...။" Iris.. နင်ဝယ်မဲ့စာအုပ်တွေ့ပြီလား..."
" မတွေ့ဖူး ... ထားလိုက်တော့ ... ဟိုစာအုပ်ပဲ
ဝယ်ပြီးပြန်တော့မယ် ... အရမ်းနောက်ကျနေပြီ"
YOU ARE READING
Entrance to the Book
Fantasyအဟောင်းဆိုင်က စာအုပ်လေးတစ်အုပ်။ ရောက်ရှိသွားတဲ့ သူတို့ငါးယောက်။ " အိမ်တော်ထိန်း ခဏစောင့်ပါဦး ... " အခုချက်ချင်း သူတို့ကို ခြံထဲကဆွဲထုတ်ကြစမ်း" " အိမ်ရှေ့စံမင်းသားလေး ... " --------꧁ Entrance to the Book ꧂------------