တစ်ခါတစ်လေကျလောကကြီးကလည်းကျီစယ်သည်။
မဖြစ်နိုင်တာတွေမရှိလောက်ပါဖူးလေလို့ သတိမဲ့နေရာက
စပရိုက်တိုက်ပစ်တာမျိုး ။"ဟယ် ... သေပြီဆရာ .."
သုံးယောက်သားပြိုင်တူအော်မိတဲ့ အကြောင်းကတော့
မှန်းချက်နဲ့ နှမ်းထွက်ကွဲလွဲသောကြောင့်ပင်။ကယ်တင်ရှင်များပေါ်လာပြီလားမှတ်ပါတယ်...
အခုတော့အဖမ်းခံရချေပြီ။" မင်းတို့တွေက ဘယ်သူတွေလဲ!
ဒီအိမ်တော်ကိုနယ်နယ်ရရထင်ပြီးလာဖောက်ထွင်းဖို့
ကြံနေတာဆိုရင်တော့မင်းတို့သေပြီဘဲ...!!!
လာကြစမ်း... သူတို့ကို သခင်ကြီးဆီချုပ်ခေါ်သွားကြ "" နေပါဦး ကျွန်မတို့ကိုပြောခွင့်လေးပေးပါဦး "
"ဘာမှပြောစရာကိုမလိုဖူး သခင်ကြီးဆုံးဖြတ်လိမ့်မယ်။
လာ...သွားကြ ...."ပြောခွင့်တောင်မပေးတဲ့ လူကြီးကိုတော့ Rose တစ်ယောက်
စိတ်ထဲမှ မေတ္တာများပို့နေပြီ။" အိမ်ရှေ့မှာ ဘာဖြစ်နေကြတာလဲ... ဆူညံနေတာပဲ"
အိုးဟိုး။အဆင်တွေဆိုရင်ငမ်းနေကျ မိ Rose တို့
ခန့်ခန့်ညားညားဝတ်စုံနဲ့ထွက်လာတဲ့ ဦးလေးကြီးခပ်ချောချောကို သရေတများများနဲ့ ငမ်းနေပါရော့။" သခင်ကြီး ... အိမ်ရှေ့မှာသူတို့ကိုတွေ့ခဲ့တာပါ။
ခြံထဲဘယ်လိုရောက်နေလဲတော့မသိပေမဲ့ ခိုးဖို့ပဲ
ဖောက်ဝင်လာကြတယ်လို့ကျွန်တော်ထင်ပါတယ် "" အိမ်တော်ထိန်းရယ် ... သူတို့ကိုကြည့်ပါဦး ...
နူးနူးညံ့ညံ့ မိန်းကလေးသုံးယောက်က ကိုယ်တို့အိမ်ကို
ဖောက်ဝင်လာတာဖြစ်နိုင်ပါ့မလား။"
ဒါ..ဒါပေမဲ့ ..."" ကဲပါ .. သူတို့ကိုတောင် မင်းပြောပြခွင့်မပေးရသေးဖူး
မလား... လာလာ အထဲကိုခေါ်လာပြီးသေချာပြောပြပါစေ"အမလေး..။လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကအထိ
သေချင်စော်နံနေခဲ့တဲ့ Violet ကတော့ အခုမှပဲ စိတ်ချမ်းသာသွားဟန်ပေါ်သည်။ Iris တစ်ယောက်ကတော့
အခုထိ ဇာတ်ရည်လည်ဖို့ ကြိုးစားနေဟန်တူသည်။
မျက်လုံးများက ကလယ်ကလယ်နှင့်။
YOU ARE READING
Entrance to the Book
Fantasíaအဟောင်းဆိုင်က စာအုပ်လေးတစ်အုပ်။ ရောက်ရှိသွားတဲ့ သူတို့ငါးယောက်။ " အိမ်တော်ထိန်း ခဏစောင့်ပါဦး ... " အခုချက်ချင်း သူတို့ကို ခြံထဲကဆွဲထုတ်ကြစမ်း" " အိမ်ရှေ့စံမင်းသားလေး ... " --------꧁ Entrance to the Book ꧂------------