မိန်းကလေးတိုင်းရဲ့အိပ်ရာဝင်နတ်သမီးပုံပြင်တွေမှာ
မိန်းကလေးတွေအကြိုက်ဆုံးဇာတ်ကောင်ကဘယ်သူလဲ။
လာကယ်တင်ပေးမဲ့ မြင်းဖြူစီးမင်းသားလေးပဲဖြစ်မှာပေါ့!
မှားတယ်။ ဘာလို့မှားတာလဲ။" ဟေး .. ပြောတာကြားရလား ..."
မှုန်ဝါးဝါးမြင်ကွင်းကနေမျက်လုံးအစုံတို့ကိုသေချာ
ဖွင့်ကြည့်တော့
နီညိုဆံနွယ်လေးနှင့် နှာတံရှည်ရှည် အသားဖြူဖြူ ရုပ်ရည်
ဖြောင့်သော အမျိူးသားတစ်ဦးက မိမိအား
အပေါ်ကအုပ်မိုးပြီး စကားများကိုဆိုနေသည်။" ကိုယ့်ကိုမြင်ရလား.. မင်းကဘယ်သူလဲ.."
Daisy တစ်ယောက်သဘောကျပြုံးမပြုံးမိအောင်
မနည်းထိန်းထားရသည်။
ဟဲဟဲ။ ဒီလိုကျတော့လည်း ငါဖတ်နေကျ ဝတ္ထု တွေထဲကလိုမျိူး ဇာတ်ဝင်ခန်းနဲ့တူသွားပါရော့လား။
ငါ့မလဲနော်..အစကတော့ဟိုညီမတွေပျောက်သွားလို့
အခန်းထဲလှန်လှောရှာမိပါတယ်..စာအုပ်
တစ်အုပ်ကောက်လှန်မိရာက မူးကနဲဖြစ်ပြီးနိုးလာတော့
နတ်သားနဲ့လာတွေ့နေပါရော့လား။
ငါသေသွားတာလားဘာလား
တော့မသိပေမဲ့ ဒီနေရာက
ငါတို့လူ့ပြည်မဟုတ်ဖူးထင်တယ်။
စိတ်ကူးယဉ်လွန်သွားတဲ့ Daisyတော့ ဖြစ်စဉ်ကိုမသိသေးရှာပါ။" အရှင်နတ်သားလေး.. ဒါနတ်ပြည်လားဟင် .."
ထိုသူ၏အနောက်မှာပါလာတဲ့ အသက်အရွယ်ခပ်
လတ်လတ်အမျိူးသားတစ်ချို့မှာ Daisy အပြောကိုကြားတော့ ခိုးရယ်ကြလေတော့သည်။ နောက်မှ ထိုသူ့ဘေးနားက မျက်မှန်အဝိုင်းကို ခပ်ခန့်ခန့်ဝတ်ဆင်ကာ စာဖိုင်တွေကို
ကိုင်ထားတဲ့ ကောင်လေးက ချောင်းဟန့်ရင်း.." ဒီမှာ မိန်းကလေး.. မင်းတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားကို
သဘောကျကြောင်း ချောကြောင်း ချီးကျူးချင်တာဆိုရင်
ကောင်းကောင်းပြောပါ ... ဘယ်လိုတောင် အရှင်နတ်သားလို့ ရည်ညွှန်းပြီး ခေါ်လိုက်တာလဲ ! "နေစမ်းပါဦး။ဒီလူ့ကြည့်ရတာ ငါနဲ့ရွယ်တူလောက်ပါပဲ။
ဘယ့်နှယ့်တောင် အဘိုးကြီးလိုစကားလုံးတွေပြောနေတာလဲ။ကြောင်တောင်တောင်နဲ့...။" ရှင်က ငပေါလား .."
အဲ့တော့မှပဲ အောင့်အီးမနေနိုင်တော့တဲ့မင်းသားလေးမှာ
အသံထွက်၍ အော်ရယ်မိတော့သည်။
မျက်မှန်လေးကတော့ ပါးလေးတွေနီရဲကာ
ရှက်သွားပုံရသည်။
YOU ARE READING
Entrance to the Book
Fantasyအဟောင်းဆိုင်က စာအုပ်လေးတစ်အုပ်။ ရောက်ရှိသွားတဲ့ သူတို့ငါးယောက်။ " အိမ်တော်ထိန်း ခဏစောင့်ပါဦး ... " အခုချက်ချင်း သူတို့ကို ခြံထဲကဆွဲထုတ်ကြစမ်း" " အိမ်ရှေ့စံမင်းသားလေး ... " --------꧁ Entrance to the Book ꧂------------