Uni💫
💫💫💫💫💫💫💫💫💫💫💫💫💫
"Lily လက်မခံနိုင်ပါဘူး!!!!!!""ဒုန်း!!!!!!"
လီမင်းမျိုးနွယ်အလိုက်ကိုင်ဆောင်လာခဲ့တဲ့ တော်ဝင်ဓားကြီးကို စောင့်ချလိုက်တဲ့ အသံ ဟာ ဆူညံနေတဲ့ညီလာခံ ကိုအပ်ကြသံပင်ကြားနိုင်လောက်သည် ထိပင်
တိတ်ဆိတ်သွားစေသည်။"မင်းသမီးတစ်ပါးဖြစ်ပြီး ဒီလိုရိုင်းဆိုင်းတာဘာသဘောလည်း LiLy!!!!!"
Liမင်းကြီးရဲ့ ဩဇာကြီးမားတဲ့အသံဟာညီလာခံ တစ်လျှောက် တွင်ကျယ်လျက်။
"ဒါပေမယ့် "
"တော်ပြီ LiLyခမည်းတော်ပြောနေတာနားထောင်လိုက်ပါ ဒါမယ်တော်တို့တိုင်းပြည်အတွက် "
"ဆက်မပြောနဲ့တော့ ကဲအမိန့်ချမယ်
လာမယ့် ပွဲတော်နေ့မှာမင်းသမီးကို ရှောင်တိုင်းပြည်ကို ကိုယ်ရံတော် ငါးရာနဲ့အတူ ပိုဆက်စေ ""အမိန့်အတိုင်းပါမင်းကြီး"
"ညီလာခံဆင်းမယ်"
"Liမင်းကြီးသက်တော်ရာကျော်ရှည်ပါစေ "
"ခမည်းတော် ခမည်းတော် မခည်းတော် !!!!"
မင်းသမီး၏ခေါ်သံကို လျစ်လျူရှု ကာ ထွက်ခွာသွားသော သူမ၏ခမည်းတော်မဟုတ်သောခမည်းတော် ။
အမတ်တွေရဲ့ စက်ဆုပ်တဲ့အကြည့်တွေအောက်မှာဆက်မနေချင်တော့ တာမို့ ထုံစံအတိုင်း မျက်နှာကိုပါဝါအုပ်ကာ ညီလာခံဆောင်ကထွက်လာလိုက်သည်။
အဆောင်တော်ထဲ မရောက်ခင်အထိ သူမရင်တွေပူလောင်နေခဲ့ရပါတယ်။
ဒါပေမယ့် အေးချမ်းလှတဲ့သူမရဲ့မျက်နှာလေးကို မြင်လိုက်တဲ့ အချိန်က lilyရဲ့ ရင်ထဲကအပူတွေကို ရေနဲ့ပတ်ဖျန်းလိုက်သလို အရာအားလုံးကို အေးချမ်းသွားေစသည်။
သူမဆိုတာလား
LiLy ဘဝရဲ့အချစ်ရဆုံးသောသူ
ဘဝရဲ့ပထမဆုံးသောဦးစားပေး
သူမက LiLy ရဲ့အပျိုဝင်စအချိန်ကနေစပြီး သင်ကြားစောင့်ရှောင့်ပေးခဲ့တဲ့ အထိန်းတော် ဆရာမ ။
သူမကအရမ်းတော်ပါတယ်။
Maple ဆိုတဲ့သူမက Mapleရွက်တွေကိုအရမ်းကြိုက်ပြီး မေပယ်ပင််အောက်မှာ မွေးဖွားလာတဲ့သူမက Mapleရွက်တွေလိုဘဲသိပ်ကိုလှပလွန်းပါသည်။
"ဘာဖြစ်လာတာလည်း မျက်နှာလည်းမကောင်းဘူး Li"
မျက်နှာကပဝါစကို ညင်သာစွာလာဖယ်ပေးရင်း အကြမ်းရည်ငှဲ့ကာ တည်ငြိမ်စွာပင်မေးလာတဲ့သူမ။
"LiLy ရှောင်မင်းကြီးနဲ့ လက်ဆက်ရတော့မယ်"
"အင်း သိတယ် အဲ့ကိစ္စကြောင့်ခုလိုဖြစ်နေတာလား "
" ကျဲသိနေခဲ့တာလား "
အံ့ဩစွာမေးမိတော့ တည်ငြိမ်စွာပင်ပြန်ဖြေလာသူ။
"အင်း"
တဲ့လေ။
"သိနေခဲ့တာတောင်ခုလိုနေနိုင်သေးတာလား ?"
"ဘာလို့လည်းLiရယ် ရှောင်မင်းကြီးဆိုတာက "
"ကျဲ !!!!!!!!!"
ဝဲတတ်လာတဲ့မျက်ရည်တွေကြောင့်
LiLyသိပ်ချစ်ရသော သူမရဲ့ပုံရိပ်က ဝေ့ဝါးစွာပင် ။
ကျဆင်းလုလုမျက်ရည်တွေကိုထိန်းကာ တစ်ဖတ်သို့လည့်လိုက်သည်။
ဘာလို့လည်း ဘာလို့သူမအပေါ်ခံစားချက်မရှိတာလည်း။
ဒါဆို LiLyတစ်ယောက်တည်းရူးပြီး ဝတ်တရားအတိုင်းကို့ကို စောင့်ရှောက်ပေးနေတာကို ချစ်လို့လို့ ထင်ခဲ့တာလား။
"Li "
"ဟင့်အင်း ဆက်မပြောပါနဲ့တော့ လုံလောက်ပြီ ကျဲကသွားေစချင်တာဘဲ Liကသွားပေးရမှာပေါ့ "
"ကျဲ ကတိုင်းပြည်အတွက် "
"ရပြီလို့ ထွက်သွားပါတော့ Li တစ်ယောက်တည်းနေချင်တယ် "
လုံလောက်ပြီ အဲ့စကားနဲ့တင်ထိန်းထားတဲ့မျက်ရည်တွေကို ကျဆင်းခွင့်ပေးလိုက်တော့သည်။
သူ့အတွက်လို့ ပြောပေးရင်တောင်ခံသာအုံးမည်။ခုတော့တိုင်းပြည်အတွက်တဲ့လား ။
လူတွေအားလုံးက သူ့ကိုတိုင်းပြည်အတွက် နဲ့ဘဲ ထိုးကျွေးနေကြသည်။
YOU ARE READING
White Lotus 🍁💫[Completed]
Historical Fiction🌸နွံ့ တောထဲ ကကြာဖြူလေးလိုဘဲ မကောင်းတဲ့အရာတွေရှိ နေခဲ့ရင်တောင် မင်းကတော့ ဖြူစင်လှပစွာနဲ့ ကြာဖြူလေးလို့ ပွင့်လန်းနေရမယ် 🌸 🌸နွံ့ တောထဲ ကကြာဖြူလေးလိုဘဲ မကောင်းတဲ့အရာတွေရှိ နေခဲ့ရင်တောင် မင်းကတော့ ဖြူစင်လှပစွာနဲ့ ကြာဖြူလေးလို့ ပွင့်လန်းနေရမယ် 🌸 Zsww...