Ep-33🍁💫

1.1K 65 28
                                    

Uni🍁

°°°°°°°°°

⚜️ Bloody maples ...⚜️

" အား လီ အားလီက နေမကောင်းဘူးလားဟင် "

မျက်နှာတစ်ဝက်တွင် ပဝါလေးတတ်ဆင်ထားသည်ကိုပင်
ညိုမဲဟာ ပုံပျက်နေသော မျက်တွင်းတို့အား
ဖုံးကွယ်နိုင်ခြင်းမရှိပေ

" lily ဘာမှမဖြစ်ပါဘူး မယ်မယ်သာ
ကျန်းမာအောင်နေရမယ်နော် ~"

တုန်ရီနေသော အသံတို့အား
မုသားအချို့ရောစပ်၍ ထိန်းချုပ်ကာ
Lily သည် သူ၏ အရိုးပေါ် အရေတင်ပမာ ဖြစ်နေပါသော လက်တို့ဖြင့် မယ်မယ့်၏
ပါးပြင်အား ခပ်ဖွဖွ ပွတ်သပ်လို့နေသည်။

" မယ်မယ်က ကျန်းမာပြီးသာ အားလီသာ ဂရုစိုက်ပါ အားလီလက်တွေက အေးနေတယ်"

မယ်မယ့် စကားကြောင့်
Lily က ဝေ့ဝဲကာ တတ်နေသော မျက်ရည်တွေနဲ့ မျက်ဝန်းတစ်စုံဖြင့်ပြုံးကာ ခေါင်းငြိမ့်ပြသည်။
မယ်မယ်သည် အရင်ကလောက်အခြေအနေ
မဆိုးတော့ပေ
အကောင်းကြီးလည်း မဟုတ်သေးပေမယ့်
သူ စိတ်ချလို့ရလောက်ပါရဲ့

" မယ်မယ် lily တစ်ခါလောက်ဖက်လို့ရလားဟင် "

မယ်မယ့်၏ ခေါင်းငြိမ့်ပြပြီးအဆုံးမှာတော့
Lily သည် မယ်မယ့်၏ ရင်ခွင်တွင်းကို
ကလေးငယ်တစ်ယောက်ပမာ ဝင်တိုးသည်။

သလွန်တော်ပေါ်တွင် မှီကာ လဲနေသော
မယ်မယ့် ရင်ခွင်ထဲတွင် lily ဟာ
ခိုအောင်းလျက်

တွဲခိုလျက်ရှိသော မျက်ရည်ကြည်ဥ တို့သည်
ပြိုဆင်းမလာခဲ့ပါပေ
ပဝါဖြူအောက်ရှိ ပြုံးသယောင်ရှိသော
နှုတ်ခမ်းတစ်စုံဟာ တစ်စက်စက်
တုန်ရီလျက်

များမကြာမီ အသက်ရှုသံ ပုံမှန်ဖြင့်
အေးချမ်းစွာ အိပ်မောကျသွားသော
မယ်မယ့်ကြောင့် lily ဟာ ကလေးကျလို့ဟု
ရေရွတ်လျက် သက်သောင့်သက်သာဖြစ်စေရန်
မယ်မယ့်အား သလွန်တော်ပေါ်တွင်နေရာတကျ သိပ်လို့ ပြီးမှ ကျဲရှိရာ ချယ်ရီတန်းဘက်ထွက်လာလိုက်သည်။

မင်းနေပြည်တော်ဟာ ကြာရောင်စုံတို့နဲ့
ချယ်ရီပန်းလှလှတို့ ဝေနေအောင်ပွင့်သော
နေရာပင်
နန်းမြို့တော်တစ်ခုလုံးဟာ ချယ်ရီပန်းတို့ကြောင့် ပန်းနုရောင်ခပ်သန်းသန်း

White Lotus  🍁💫[Completed]Donde viven las historias. Descúbrelo ahora