Ep-19🍁💫

1.3K 99 16
                                    

Uni 🍁

°°°°°°°°°°°°°
" အရှင် !!!!!!!!"

"ဝမ်!!!"

ပြေးဖက်လာတဲ့ ဘယ်က ထွက်လာမှန်း မသိတဲ့ ဝမ်
ရှောင်ကျန့်က လွမ်းနေရသူမို့ သဘောရိုးဖြင့်
ပွေ့လိုက်သော်လည်း ကျောပြင်ပေါ်လက်အရောက် မြှား ??မြှား ကဘယ်ကရောက်

လူချင်းခွာလို့ ကြည့်မိတော့ ‌ပြုံးနေတဲ့ ကောင်လေးက ပါးစပ်ကလည်း သွေးစို့လို့
ပျော့ခွေသွားတဲ့ကိုယ်လေးက ပြုံးလျက်ပင်
ရှောင်ကျန့် ရင်ခွင်ထဲ ပြိုကျလာသည်။

" ဝမ် !!!!ဝမ် !!!!!"

ပြိုကျလာတဲ့ ကိုယ်လေး ကို ထိန်းလို့
ရေမြေ့ အရှင်ဟာ ပြာယာခတ်ရပြန်သည်။
ဘယ်ကမှန်း မသိထွက်လာတဲ့ မြှားရယ်
ပြေစဖက်လို့ အစား ဝင်ခံပါသော
ချစ်ရသူရယ်

ကျောထက်စိုက်နေသော
မြှား နဲ့ အတူ ဝမ့်ရဲ့ ပိုးဖဲ ဝတ်ရုံ ဖြူဖြူလေးဟာ သွေးနီနီ တို့ဖြင့် အကျဉ်းတန်လျက်
နှုတ်ခမ်း ဖူးဖူးလေးဟာ
ချစ်ရသူ ကိုကယ်တင်လိုက်ရလို့ ထင်
ပြုံးလျက်

ဧကရာဇ် မှာ ထိုင်ချရင်း ကြာဖြူလေးကို ထွေး ပွေ့ကို ယောက်ယက် ခတ်လို့
အခြေအနေတွေဟာ တမူ ကွဲသွားတာမို့
ရန်ကျူလင်းနဲ့ ဖေးရီ တို့ဘက်မှာလည်း
ဟင်ခနဲ ဟာခနဲ

ပြေးသွားတော့မယ် ကျူလင်း ခြေလှမ်းတွေကို ရန်မင်းကြီးက ဟန့်တားသည်။

" ဝမ် !!ဝမ် လို့ ကိုယ့်ကို ကြည့်ပါအုံး "

" ဟင်းးး အရှင် ~~"

အသံဖျော့ဖျော့လေးက ရှောင်ကျန့် ဝမ့် ပါးစပ်နား နားကပ်လို့ နား ထောင်ရသည်ထိ
ဘယ်လောက်တောင် ပင်ပန်းနေခဲ့တာလည်း

လှမ်းလာတဲ့ သွေးတွေ ပေကြံနေတဲ့ လက်ဖြူဖြူလေးကို ရှောင်ကျန့် သူ့ရဲ့ ပါးမှာ ကပ်ပေးလိုက်သည်။

" ဝမ်က အမြဲ အရှင့် ရဲ့ ~~ အပိုင့်...အ့
နော် နောက်ခါ ဝမ်သွားရင်တောင်လေ~~
ဟင့်.. မလွတ် လိုက်ပါနဲ့ တော်နော် "

ရှောင်ကျန့် က ဝမ့်လက်လေးကိုင်လို့
ခေါင်းငြိမ့်ပြသည်။
ကျန်သူများမှာလည်း မလှုပ်မရှက်
သူတို့မှာ အသက်ပင်ကောင်းကောင်း မရှုရဲ
ဒီကောင်လေးသာ တစ်ခုခု ဖြစ်သွားရင်
ဧကရာဇ်ဟာ မဲမဲ မြင်သမျှ ပတ်ရမ်းတော့မှာ

White Lotus  🍁💫[Completed]Where stories live. Discover now