Ep-25🍁💫

1.3K 98 23
                                    

Uni🍁

°°°°°°°°°°°

မနက်ခင်းစောစော
ဟာ ရာသီဥတုသာယာသလောက်
စားဖိုဆောင်ထဲတွင်တော့ အစေခံအပေါင်း
ယောက်ယက် ခတ်နေကြသည်။

နန်းသွေးကို လုပ်ကြံတာဟာ
တစ်ခုခု မှားတဲ့ သူတို့ ခေါင်းတွေ ပြတ်မယ့်အပြင်
ဆွေစဉ်မျိုးဆက် အသတ်ခံရလိမ့်မည်။

" lily ကို ခေါ်တယ်ဆိုလို့ အယ် ကွေ့မိဖုရားလည်း မရှိပါဘူး "

ကွေ့ယွိမိန် အခေါ်တော် တွေ့တယ်ဆိုလို့
Lily လာခဲ့ခြင်းပင်
စားဖိုဆောင်ကို ခေါ်တာကြောင့်
ထူးဆန်းတယ်ဟု တွေးနေတုန်း
ရောက်တော့ ယွိမိန်ဟာ ရှိမနေ
ထိုအစား ယောက်ယှက်ခတ်နေသော
အစေခံများနဲ့ အားရင်သာ ရှိသည်။

" ဝမ်ဖေး ကို ဂါရဝပြုပါတယ် "

"ထပါ မင်းသမီးရော "

လာ‌ပြီး ဂါရဝ ပြုတဲ့ အား ရင်ကို ထူကာ
သိချင်တာကို အရင်မေးလိုက်သည်။

" ဟို မယ်မယ် က ဒီ ဟင်းရည်လေး
ဝမ်သခင်လေးကို ဆက်သချင်တာ
ဒါပေမယ့် မယ်မယ်က ဧကရာဇ်ကို စိုးရွံ့နေတာကြောင့် ဝမ်ဖေးက ဘဲ "

" အာ သဘော ပေါက်ပါပြီ "

Lily သဘောပေါက်သွားတာ ကြောင့်
ဟန့်တားလိုက်သည်။

" ဒါဆို ဝမ်ဖေးကဘဲ "

"ကောင်းပါပြီ lily ကဘဲ ဝမ်ကော ဆီယူသွားပေးလိုက်ပါ့မယ် "

ခုမှ သဘောတွေ ထကောင်းနေသော
ယွိမိန်ကထူး ဆန်းပေမယ့်
ဒါလေး ကူညီလိုက်လို့ ဘာမှ ဖြစ်မသွား
ဘူးမလား
ထို့ကြောင့် မျက်နှာ ငယ်လေးနဲ့ ပြောနေတဲ့
အားရင် လက်ထဲက ဟင်းရည်အိုးကို
ယူကာ ပြောမှ
ထိုကောင်မလေးဟာ ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြော၍ ထွက်သွားသည် ။

ဧကရာဇ်က ကြောက်စရာကောင်းလို့လား
ဟင်းရည်အိုးလေး ကိုင်ထားတဲ့
Lily က စားဖိုဆောင်ထဲမှာ
မေးခွန်းပေါင်းများစွာနဲ့
ကြောင်တောင်တောင်လေး ကျန်ခဲ့သည်

°°°°°°°°°°°°°°°°
" ဝှါးးးးးးးး"

"နိုးပြီလား အိပ်ပုတ်လေး "

ရိပေါ် နိုးနိုးခြင်း ဘေးမှာ အရှင်
ရှိနေတာ သတိမထားမိဘဲ ဝှါးကနဲ လုပ်လိုက်ခြင်းပင်

White Lotus  🍁💫[Completed]Donde viven las historias. Descúbrelo ahora