Ep-16🍁💫

1.2K 90 13
                                    

Uni💫

°°°°°°°°°°°°°°°°°

" ဝမ်ဖေးLi မင်းကြီးတွေ့ခွင့်တောင်းနေပါတယ် "

ကုန်းကုန်းစကား မှီပင် Li မင်းကြီးဟာ
လှည်းတွေနား ပစ္စည်းတွေ ချနေသော
ဝမ်ဖေးရှေ့ပင် ရောက်နေပြီ

ဝမ်ဖေး ခေါင်းငြိမ့်ပြတော့
ကုန်းကုန်းက အလိုက်သတိ ခေါင်းငုံ့ကာ
ထွက်သွားသည်။

" မင်းကြီး "

ဘယ်ကနေ ရောက်နေမှန်း မသိတဲ့
မုချင်က ဝမ်ဖေး အနောက်ထွက်လာပြီး ဂါရဝ ပြုသည်။

" ခမည်းတော် "

" နေရထိုင်ရ အဆင်ပြေရဲ့လား တူမတော် "

တူမတော် ဆိုသော ကြောင့်
Lily မျက်ဝန်းအိမ်များ ပြူးကျယ်သွားသညါ။
ဒီနေရာမှ မုချင်ရှိနေပါလျက်နဲ့လေ
ဦးရီးတော်က ဘာလို့ တူမတော်လို့ ခေါ်လိုက်ပါ့မယ်

Li မင်းကြီးက ဝမ်ဖေး အတွေးတို့ကို ရိပ်မိသည့်အလား ပြုံးကာ

"မုချင်က အခြားသူမဟုတ်တာမို့
သူ့ကို သတိထားစရာ မလိုဘူး "

Lily ဘာမှ လိုက်မမှီတော့ပါ
ဝမ်ဖေး ဖြစ်မှ သိရတဲ့ မုချင်က
ဘာလို့ အခြားသူမဟုတ်ရမှာလဲ
ကာယကံ ရှင် တွေဘဲ သိတဲ့ အတွင်းရေးကို
ဘာလို့ မုချင်ကို ပေးသိရမှာလည်း

စိတ်ရှုပ်နေ့သည့် အလျှောက် lily မျက်နှာလေးဟာ စူပုပ်နေသည်။

" နန်းတော်ထဲ ပြန်ရောက်ရင်
မင်း ဒေါ်ဒေါ်ကို ဂရုစိုက်ပေးလိုက်ပါအုံး "

ထိုအခါ ဝမ်ဖေးက မခို့တရို့ပြုံးလို့
ဂါရဝ ပြုရင်း

"အဟင်း ဒေါ်ဒေါ်က Lilyရဲ့ အဒေါ် အရင်စဘဲဟာ ဂရုစိုက်ရမှာပေါ့ "

" လမ်းခရီး မှာ အဆင်ပြေပါစေ "

" ကောင်းကောင်းသွားပါ ခမည်းတော်(ဦးရီးတော် )"

Lily ဟာ ခေါင်းငုံနေရာမှ ပြုံး၍ ထွက်သွားသော ခမည်းတော် အမည်ခံ ဦးရီးတော်ကို
တည်ငြိမ်စွာကြည့်လိုက်သည်။

မုန်းခြင်း ကလဲ့စား ချေလိုချင်းတွေ မရှိပါဘူး
သူ့ကို သမီး အမည်ခံပြီး
ဘုရင် တတ်လုပ်နေတာ ကို မမြင်သိပ်မကြည်ပေမယ့်

White Lotus  🍁💫[Completed]Donde viven las historias. Descúbrelo ahora