Part 4

1.5K 224 50
                                    

Unicode

"အချစ်ကသိပ်လှတယ်
ဒါပေမဲ့ မင်းဖြစ်နေလို့ပိုလှတယ်"








"အကို ဒီမှာဘာလုပ်နေတာလဲ?"

လရောင်မှိန်မှန် ကြယ်ရောင်တောက်တောက်တွေအောက် တစ်ယောက်တည်း အိမ်ပြင်က ခုံလေးပေါ်ထိုင်နေတုန်း ထော့နဲ့နဲ့နှင့် သူ့နားရောက်လာသည့် ကောင်လေး။

"ဘာမှမလုပ်ပါဘူး ဒီအတိုင်းပဲ"

"အဲ့တာဆို ကျွန်တော်လည်း အတူလာထိုင်လို့ရတယ်မလား?"

Jay ဘာမှပြန်မပြောနိုင်ခင်မှာပင် အသွက်ကလေးက ဘေးနားရောက်ကာ သူ့ကိုအတင်းတိုးပြီး ခုံရှည်ပေါ်ကို အတူဝင်ထိုင်ပြီးနေပြီ။

"ကြယ်တွေက တကယ်လှတာပဲ"

"..."

"အကို ဒီလိုမျိုး မကြာမကြာ ကြယ်တွေကို ထွက်ကြည့်တတ်တာလား?"

"အင်း အမြဲတော့မဟုတ်ပါဘူး။ ငါလာခဲ့တဲ့နေရာမှာက ကြယ်တွေမမြင်ရတော့ ဒီနေရာမှာရှိတဲ့အချိန်ဆိုကြည့်ဖြစ်သွားတာ ဒီလောက်ပါပဲ"

"လာခဲ့တဲ့နေရာ? ဒါက အကို့အိမ်မဟုတ်ဘူးလား?"

"အင်း အဲ့လိုရှိတယ်"

"အဲ့တာဆို ပြောပြပါလား? အကိုလာခဲ့တဲ့နေရာက ဘယ်လိုမျိုးလဲဆိုတာ"

ပါးတွေကိုထောင့်ချိုးသွားအောင် တစ်ချက်လောက်ဟန်ပါပါပြုံးလိုက်ရင်း Jayကပြောသည်။

"အင်း အဲ့နေရာကအရမ်းကို မှောင်မဲပြီးအေးစက်တဲ့နေရာပေါ့။ အလင်းရောင်မတိုးရဲလောက်အောင် မှောင်မိုက်နေတဲ့နေရာမျိုး"

"ကြောက်စရာကြီးလားဟင်?"

ကောင်းကင်ပေါ်ကကြယ်တွေအားလုံးကို လက်နဲ့ဆုပ်ယူလိုက်ပြီး သူ့မျက်ဆံတွေထဲ သိမ်းကြုံးထည့်ပစ်ထားသလို မျက်ဝန်းတွေနဲ့ Jayကို ငေးမောရင်း မေးခွန်းထုတ်လာသည့် ကြည်လင်နေတဲ့ဖြစ်တည်မှုလေး။

"တကယ်ပါ ဒီကလေးက တကယ့်အကြည်ဓာတ်လေး"လို့ Jayတွေးမိသည်။

"ကြောက်စရာမကောင်းပါဘူး ကိုယ့်အတွက်တော့။ အင်း တစ်ခုတော့ရှိတယ် မင်းလိုချာတိတ်လေးတွေဆိုရင်တော့ ကြောက်ရင်ကြောက်မှာပေါ့"

Crossroads|Jaywon ✅Wo Geschichten leben. Entdecke jetzt