Part 9

1.3K 189 12
                                    

Unicode

"တန်ဖိုးရတဲ့အရာကိုထိပါးလာရင် ဘယ်သူ့ကိုမဆို ခွင့်မလွှတ်နိုင်တာသဘာဝပဲမလား"







"ငါမင်းကိုယုံကြည်လို့ ဒီတာဝန်ကိုပေးတာလို့တော့မထင်နဲ့။ အရင်တည်းက မြေအောက်ဝိဉာဉ်တွေကို ထိန်းချုပ်နိုင်တဲ့စွမ်းအားက မင်းထပ်သာတဲ့သူဘယ်သူမှမရှိမှန်းသိလို့ မင်းတာဝန်ယူတာအကောင်းဆုံးဖြစ်မယ်ထင်လို့ပေးတာ ငါ့ကိုသစ္စာဖောက်မယ်တော့မကြံနဲ့"

အမိန့်ပေးရင်း ခပ်ထန်ထန်ပြောလာသည့် နတ်ဆိုးဘုရင်ရဲ့စကားကို Jay မဲ့ပြုံးတစ်ခု ခပ်ရဲ့ရဲ့ပြုံးမိသည်။

နောက်ဆုံးတော့ ဒါလား?

သူ့မှာပိုင်ဆိုင်ထားတဲ့ ဒီစွမ်းအားကြောင့်ပေါ့

ဘယ်နတ်ဆိုးမဆို အမှောင်လောကသားဖြစ်တဲ့ ဝိဉာဉ်တွေကို ထိန်းချုပ်နိုင်တဲ့စွမ်းအား အနည်းနဲ့အများတော့ ရှိကြပေမဲ့
ထူးထူးခြားခြား Jayကိုတော့ တခြားဘယ်နတ်ဆိုးကမှမယှဉ်နိုင်ခဲ့။

လတ်စသတ်တော့ သူ့ရဲ့ဒီစွမ်းအားကို အသုံးချဖို့ အခုချိန်ထိ သူ့ကိုမစွန့်ပစ်သေးဘဲ ထားခဲ့တာပေါ့



ခဏပဲစောင့်နေလိုက် မကြာခင်မှာ ခင်ဗျားကိုယ်တိုင်လည်း ကျွန်တော့်ရဲ့လက်အောက်က သုံးစားမရတဲ့ဝိဉာဉ်တစ်ကောင်ဖြစ်သွားရတော့မှာပါ။

စိတ်ထဲကကြိမ်းဝါးလိုက်ပေမဲ့ အပြင်ကတော့ ထုတ်မပြောဖြစ်ပါ။

"ဟုတ်ကဲ့ စိတ်ချပါ"



Angelတွေဆီကို သွားသိမ်းဖို့အတွက် အင်အားသုံးဖို့ဆို ဒီအမှောင်ဝိဉာဉ်တွေကသာ တပ်သားတွေသဖွယ်ဖြစ်စေမှာမို့ ဒီဝိဉာဉ်တွေကို တာဝန်ယူထိန်းချုပ်ဖို့အတွက် အစွမ်းအရှိဆုံး Jayကိုသာ မလွှဲသာ မရှောင်သာ တာဝန်ပေးရခြင်းဖြစ်သည်။

ဒါကိုလည်း ဆောင်းဟွန်းက ကြိုတွေးမိခဲ့တာကြောင့်မို့ Jayကိုစိတ်ရှည်ရှည်ထားကာ နတ်ဆိုးဘုရင်ရဲ့ ယုံကြည်မှုကို ရအောင်ကြိုးစားခိုင်းခဲ့ခြင်းဖြစ်သည်။

Crossroads|Jaywon ✅Место, где живут истории. Откройте их для себя