Unicode
"ကြယ်တွေမှာရေးထားတဲ့ကံကြမ္မာက မလှပခဲ့ဘူးဆိုရင် ကိုယ်တိုင်ပြန်ပြီးကြယ်တွေကို အသစ်ရေးကြည့်ရမှာပေါ့"
အချိန်က ညသန်းခေါင်ကျော်လို့ မကြာခင်မိုးလင်းတော့မည်။
ဒီညလည်း ပျောက်ချက်ကောင်းနေတဲ့သူကပေါ်မလာပြန်ဘူးပေါ့။
ဘေးကအမြင်မှာစာဖတ်နေတယ်လို့ထင်ရပေမဲ့ တကယ်ဆို ဒီတစ်ညလုံး ဂျယ်ယွန်းစာတစ်လုံးမှမဖတ်ရသေး။
စာအုပ်ကိုကိုင်ထားပေမဲ့ စိတ်ကတော့ ပြတင်းပေါက်ဆီမှာ။
ညညဆို ပြတင်းပေါက်နားကိုရောက်လာလေ့ရှိတတ်တဲ့အရိပ်လေး
အကျင့်ဖြစ်သွားကာမှ မျှော်နေမိအောင်လုပ်နေသလား မသဲကွဲဖြစ်ရအောင် အရိပ်ပိုင်ရှင်ကပေါ်မလာတော့။
အခုဆို တစ်ပတ်ကျော်လို့နှစ်ပတ်ထဲတောင်ရောက်နေပြီ။
"ဆောင်းဟွန်း မင်းတကယ်ငါ့ဆီမလာတော့ဘူးလား?"
နှုတ်ကဖွဖွလေး ရေရွတ်မိတော့ ကိုယ့်ဘာသာပြန်ပြီး ရယ်ချင်မိပြန်သည်။
တကယ်ဆိုရယ်ရသည်မလား?
မျှော်နေရအောင်လည်း သူနဲ့ဆောင်းဟွန်းနဲ့က ဘာဆက်ဆံရေးမှလည်းမဟုတ်တာကို။
ရောက်လာတာ၊မလာတာက ဆောင်းဟွန်းရဲ့အပိုင်းမို့ မရောက်လာလို့ဆိုပြီး သူ့ဘက်ကအပြစ်ဆိုလို့လည်းမရလေ။
ဒီလိုဖြစ်အောင် လုပ်ခဲ့တာလည်း ဂျယ်ယွန်းကိုယ်တိုင်ပဲမဟုတ်လား။
"မင်းကတော့ ငါ့ကိုကောင်းကောင်းသင်ခန်းစာပေးနေတာပဲ ဆောင်းဟွန်း"
သက်ပြင်းငွေ့ငွေ့ကိုမှုတ်ထုတ်လိုက်ပြီးနောက်
လက်ထဲကစာအုပ်ကိုပိတ်ကာ ခုံမှထလာပြီး အိပ်ရာဆီိကိုသွားမိသည်။မကြာခင်မိုးလင်းတော့မှာမလား?
ခဏလေးပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကိုအနားပေးရမည်။
ဒီလိုတွေးပြီး လှဲချရင်း မျက်လုံးတွေကိုမှိတ်လိုက်ပေမဲ့ လွယ်လွယ်နဲ့တော့ အိပ်မပျော်နိုင်တာကို ဂျယ်ယွန်းသိပါသည်။
BINABASA MO ANG
Crossroads|Jaywon ✅
Fanfictionအိပ်ရာဝင်နတ်သမီးပုံပြင်တွေထဲကလို အချစ်ဇာတ်လမ်းတွေ 21ရာစုမှာရှိနေသေးမယ်လို့ထင်လား? အချစ်ဇာတ်လမ်းတင်မကပဲ နတ်သမီးနတ်သားတွေပါ တကယ်ရှိနေတယ်ဆိုရင်ရော? ㅇㅇㅇ a JAYWON story (Unicode+Zawgyi) •Romance/Paranormal/Royal...