Cold War (Unicode)

1.3K 81 4
                                    

STORY No.1
~~~

"ဒီတစ်ခါတော့ Unnie မှားတာပဲ"

"ငါလည်းထောက်ခံတယ်"

Yeriရဲ့စကားကို Joyကပါ သဘောတူလိုက်တာကြောင့် သူမစိတ်ရှုပ်သွားသည်။

"Seulgi unnie ရော ဘယ်လိုထင်လဲ?"

"အာ...ငါကတော့ လုံးဝ Seungwanရဲ့ အမှားလို့ မတွေးဘူး။ Irene Unnie စိတ်ဆိုးတာက ဖြစ်သင့်ပေမယ့်လည်း Seungwanမှာလည်း ရွေးချယ်စရာမှ မရှိတာ"

Seulgiကတော့ တရားမျှတစွာနဲ့ပဲ သူငယ်ချင်းအတွက် ပြောပေးသည်။

"ဒါပေမယ့် ငြင်းလို့ရတာပဲ။ ငြင်းလို့မရရင်တောင် ကြိုပြီး အသိပေးသင့်တာပေါ့" Yeriက လုံးဝမကျေနပ်နိုင်ပေ။

"သူ့ရဲ့ဒရမ်မာတွေထဲက sceneတွေကိုကျတော့ အလုပ်သဘောအရမို့ ငါနားလည်ပေးခဲ့ပေမယ့် ငါ့ကိုကျတော့ ဘာလို့နားမလည်ပေးနိုင်ရတာလဲ?" သူမ စိတ်တွေရှုပ်လာပြီး မျက်နှာကို လက်ဖြင့် ပွတ်သပ်ပစ်လိုက်သည်။

"ငါတို့ကိုဆိုရင်တော့ အသိပေးစရာမလိုပေမယ့် Irene unnie ကကျတော့ မတူဘူးလေ။ သူ့ကိုဖွင့်ပြောပြီးမှတော့ ဒီကိစ္စက ကြိုပြောသင့်တာပေါ့။ ဒီတစ်ခေါက်တော့ ငါလည်း နင့်ဘက်ပါပေးမှာ မဟုတ်ဘူး unnie" Joyက တရားမျှတမှုကို လက်ကိုင်ထားသူလို ပြောလိုက်သည်။

"ငါလည်း မအားတဲ့ကြားက unnie ကို ရှင်းပြပြီးပါပြီ" သူမ ဝမ်းနည်းစွာ ပြောလိုက်ပြီး ကျန်တဲ့လူတွေကို ထားခဲ့ကာ အခန်းထဲကို ဝင်သွားလိုက်သည်။

"မလုပ်ခင်ကတည်းက ကြိုပြောလိုက်ရင် Irene Unnie က စိတ်ဆိုးမလား?"

"နင်တို့တော်တော့။ Irene unnie နဲ့ ဖြေရှင်းတာကို Seungwan သူ့ဘာသာလုပ်လိမ့်မယ်။ Solo comebackကြောင့် အလုပ်များနေတဲ့သူကို စိတ်ရှုပ်အောင် ထပ်မလုပ်ပဲ သွားအိပ်ကြတော့။ Joy နင်မနက်ဖြန် drama ရိုက်ကွင်းရှိတယ်လေ"

"အင်းပါ"

"ပြီးတော့ Yerim-ah မနက်ဖြန် unnie နဲ့ Photoshoot အတွက် သွားတဲ့အခါ ပြဿနာကို ပိုကြီးအောင် မလုပ်ပဲ သေချာဖြောင်းဖြပေးလိုက်။ နောက်သုံးရက်နေရင် SMTOWN concert ရှိတာမို့ သူတို့ဒီလိုဆက်ဖြစ်နေလို့ မရဘူး"

Purple Land (ʀᴇᴅ + ʙʟᴜᴇ)Where stories live. Discover now