STORY No.5
~~~"မတွေ့တာကြာပြီနော် Seungwan"
ဆယ်စုနှစ်တစ်ခုကြာသွားသည့်တိုင် ဆည်းလည်းသံလေးလို ချိုမြိန်နေဆဲ အသံပိုင်ရှင်လေးက သူမရဲ့ မပြီးဆုံးခဲ့တဲ့ ကျောင်းတုန်းက ပုံပြင်လေးထဲက အဓိကဇာတ်ဆောင်လေးပါပဲ။
"အ..အင်း မတွေ့တာကြာပြီ Juhyun-ah"
'Juhyun' ဆိုတဲ့ အမည်နာမလေးဟာ အဲ့အချိန်တွေတုန်းက သူမရဲ့ ကျောင်းစာအုပ်က စာမျက်နှာတွေထဲမှာ၊ အရမ်းကြီး မသပ်ရပ်ခဲ့တဲ့ သူမရဲ့နုနယ်စဥ်အတွေးနဲ့ ကဗျာတွေထဲမှာ၊ ကိုယ်ပိုင်အိပ်ခန်းလေးရဲ့ မိုးပြာရောင်နံရံတွေမှာ၊ မကြာခဏ သွားဖြစ်ခဲ့တဲ့ ပင်လယ်ကြီးရဲ့ သဲသောင်ပြင်တွေပေါ်မှာ အမြဲရှိနေတတ်တဲ့ အမည်နာမလေးပေါ့။
"နင်တော်တော် ပြောင်းလဲသွားတာပဲ Seungwan~ အများကြီးလည်း လှလာတယ်။ ငါလူတောင် မှားတော့မလို့"
နှစ်တွေဘယ်လောက်ကြာကြာ 'Juhyun' နှုတ်ဖျားက ထွက်ကျလာတဲ့စကားတွေဟာ ကျွန်မအတွက် ရင်ခုန်စရာအတိပါပဲ။
"နင်လည်းပြောင်းလဲသွားတာပါပဲ။ လူကြီးပိုဆန်လာတယ်"
"ဟင် လှရောမလှလာဘူးလား"
အဲ့သလို နောက်နောက်ပြောင်ပြောင် အကျင့်လေးတွေရှိတဲ့ 'Juhyun' ရယ်ပါ။
"လှလာတာပေါ့"
ဒီစကားပြောတော့ ကျွန်မရဲ့အသံက လေသံလောက်လေး။
"တက္ကသိုလ်တက်ဖို့ ဆိုးလ်ကိုပြောင်းသွားတုန်းက အမြဲဆက်သွယ်ကြမယ်ဆိုပြီး ဘာလို့အဆက်အသွယ် မလုပ်တော့တာလဲ"
"အာ.. ငါ့မှာကိစ္စလေးတွေရှိလို့"
"အင်းပေါ့လေ၊ တနယ်တကျေးပြောင်းသွားတဲ့အခါ အမြဲတမ်းအဆက်အသွယ်ရှိဖို့တော့ မလွယ်တော့ဘူးပေါ့"
အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်မ Juhyun ကို အားနာစိတ်တော့ ဖြစ်မိပါတယ်။
"ဒါဖြင့် နင်ကဆိုးလ်မှာ နေနေတာလား Juhyun"
"ဟုတ်တယ်၊ သုံးနှစ်လောက်တောင် ရှိတော့မယ်။ နင်ရော အခုဘာလုပ်နေလဲ"
VOCÊ ESTÁ LENDO
Purple Land (ʀᴇᴅ + ʙʟᴜᴇ)
FanficWenrene one shot လေးတွေကို စိတ်ကူးပေါက်တိုင်း တင်ပေးသွားမှာပါ ❤💙