STORY No.3
~~~"Seungwan ဘယ်တုန်းက ဒီလောက် အရွယ်ရောက်လာတာလဲ?"
"ငါလည်း လွန်ခဲ့တဲ့လ ပြန်ရောက်ရောက်ချင်းတုန်းက
လုံးဝလန့်သွားတာပါဆို။ ငါ့ညီမ ဘယ်တုန်းက ဒီလောက်အရွယ်ရောက်လာတာပါလိမ့်ဆိုပြီးတော့"Juhyunနဲ့ Seungheeတို့နှစ်ယောက်သား ဒိတ်လုပ်ဖို့ ပြင်ဆင်ပြီး ထွက်သွားတဲ့ Seungwanကို ကြည့်ရင်း မေးခွန်းထုတ်မိကြတယ်။
သူငယ်ချင်းရဲ့ညီမဆိုတဲ့ ဖြစ်တည်မှုဟာ ကိုယ့်သွေးသားရင်းလို မျက်စိရှေ့မှာ အမြဲမြင်နေပြီး ကြီးပြင်းလာတာမျိုး မဟုတ်သလို အကြာကြီး မမြင်ပဲနေရတာမျိုးလည်း မဟုတ်ပေ။ မကြာခဏတော့ တွေ့နေတယ်။ ဒါပေမယ့် တွေ့တိုင်း အမှုမဲ့ အမှတ်မဲ့ပါပဲ။ ကိုယ့်သူငယ်ချင်းရဲ့ညီမမို့ ကိုယ့်ညီမလိုပဲ ခံစားရပြီး အမြဲကလေးတစ်ယောက်လို့ပဲ သဘောထားမိတယ်။ အဲ့ဒီအပြင်တော့ ဘာမှဆက်မတွေးမိဖြစ်တဲ့ ဖြစ်တည်မှုလေးပါပဲ။
Seungwan ကလေးပေါက်စလေးအရွယ်ကတည်းက Juhyunက Seungheeနဲ့ ခင်မင်ခဲ့တာ။ သူတို့နဲ့ Seungwanရဲ့ အသက်ကွာခြားချက်က ရှစ်နှစ်။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက Juhyunနဲ့ Seungheeတို့ ပညာတော်သင်ဆုရခဲ့တာကြောင့် သြစတေးလျမှာ စာသွားသင်ကြတာ။ Juhyunက ဆွန်းဟီးထက် တစ်လနောက်ကျပြီးမှ ကိုရီးယားကို ပြန်လာတာဖြစ်ပြီး ပြန်ရောက်ရောက်ချင်း သူငယ်ချင်းဖြစ်သူအိမ်ကို လာလည်ရာ ဒိတ်လုပ်ဖို့ ထွက်သွားတဲ့ Seungwanကို တွေ့လိုက်ရခြင်းပင်။
"ငါတို့မသွားခင်တုန်းက Seungwanက အထက်တန်းကျောင်းသူပေါက်စလေးပဲ ရှိသေးတော့ မျက်စိထဲ သူ့ကို ကလေးလို့ပဲ မြင်နေတာဖြစ်မယ်"
Juhyun ခေါင်းညိမ့်ပြီး ထောက်ခံလိုက်တယ်။ ဒီခေတ်ကလေးတွေက အရွယ်ရောက်တာ သိပ်မြန်တာပဲ။
"အဖေတို့အမေတို့ ဘယ်နေ့ပြန်ရောက်မှာတဲ့လဲ Seunghee-ah?"
"နောက်နှစ်ပတ်နေမှ ပြန်လာမယ်တဲ့လေ။ ခွင့်ရက်ကို ကောင်းကောင်းအသုံးချနေကြတာပဲ"
"တစ်နှစ်မှတစ်ခါလေး သွားလည်ရတာလေဟယ်။ အဖေတို့ ပျော်ပါစေ"
"ငါတော့ ဒီကလေးမဟုတ်တော့တဲ့ကလေးနဲ့ နှစ်ယောက်တည်းနေရတာ စိတ်ဖိစီးလို့သေတော့မယ်"
YOU ARE READING
Purple Land (ʀᴇᴅ + ʙʟᴜᴇ)
FanfictionWenrene one shot လေးတွေကို စိတ်ကူးပေါက်တိုင်း တင်ပေးသွားမှာပါ ❤💙