STORY No.2
~~~အဲ့ဒီညကို ကျွန်မ ပြန်တွေးနေမိတယ် ...
အိမ်က ကျွန်မကို တစ်စုံတစ်ယောက်နဲ့ စေ့စပ်ပေးတော့မယ်ဆိုတဲ့အကြောင်းကို သူ့ကို ပြောပြခဲ့တယ် ...
ကျွန်မတို့ အတူသောက်ခဲ့တယ် ...
ပြီးတော့ သူငယ်ချင်းတွေကြားက မကျော်သင့်တဲ့စည်းကို ကျွန်မတို့ ကျော်ခဲ့မိတယ် ...
နောက်တစ်နေ့မှာ ဘာမှမဖြစ်ခဲ့သလို ပြန်နေခဲ့တယ် ...
အခု သူက ကျွန်မရှေ့မှာ ရောက်နေပြီး ချစ်နေတဲ့မျက်ဝန်းတွေနဲ့ ပြောလာတယ်။
"ငါ ချစ်သူရနေပြီ Irene"
'Irene' ဆိုတဲ့ နာမည်က သူ့ဆီက ကြားရတာမို့ နားထောင်ရတာ သူစိမ်းဆန်နေတယ်။ မွေးကတည်းက သူငယ်ချင်းတွေ ဖြစ်ဖို့ ကံပါလာတဲ့ ကျွန်မတို့ဟာ တစ်ယောက်ကိုတစ်ယောက် အိမ်နာမည်ပဲ ခေါ်ကြတယ်။ ချစ်သူရသွားရင် သူငယ်ချင်းကို ရင်းရင်းနှီးနှီး ခေါ်ခွင့်မရှိတော့ဘူးလားလို့ သူ့ကို မေးချင်ပေမယ့် မမေးဖြစ်ပေ။ အဲ့ဒီအစား မျက်နှာပေါ်မှာ ဘာခံစားချက်မှ မပေါ်စေပဲ ခေါင်းညိမ့်လိုက်တယ်။
"နောက်ဆုံးတော့ Sejeongကို အဖြေပေးလိုက်ပြီပေါ့"
"ငါ့ချစ်သူက Sejeongဆိုတာကို နင်က ဘယ်လိုသေချာနေတာလဲ?"
"သူက နင့်နောက်လိုက်နေတာကြာပြီပဲ။ နင်လည်း သူ့ကို စိတ်ဝင်စားနေတယ်မလား။ နင်တို့တွဲဖြစ်သွားတာ ကောင်းပါတယ်"
ကျွန်မပြောလည်းပြောပြီးရော သူက သူစိမ်းဆန်ဆန် အကြည့်တွေနဲ့ ကျွန်မကို တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားတယ်။ ကျွန်မကိုထားပြီး ဘာမှမပြောပဲ ထွက်သွားတဲ့ ဒီအပြုအမူက ပထမဆုံးပဲ။ သူက ကျွန်မဆီက ဒီစကားကို ကြားချင်တာ မဟုတ်ဘူးလား? အမှားများပါသွားလို့လား?
Sejeongဆိုတာ အထက်တန်းကျောင်းမှ သူနဲ့ ရင်းနှီးခဲ့တဲ့ သူ့ရဲ့ ဂျူနီယာလေ။ တစ်ချိန်လုံး သူ့နောက်ကို လိုက်နေတယ်ဆိုတဲ့အကြောင်းကို တခြားကျောင်းသားတွေဆီက ပြန်ကြားရတယ်။ အဲ့တုန်းကတော့ သိပ်သဘောမကျဘူး။ သူက ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေ။ သူများကို ပိုခင်သွားမှာ ကြောက်ခဲ့ပေမယ့် သူက အဲ့လိုလုပ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးတယ်။ တကယ်လည်း ကျွန်မကလွဲပြီး တခြားသူတွေကို ပိုမခင်ခဲ့ပါဘူး။ သူရဲ့ တခြားသူငယ်ချင်းတွေ အကုန်လုံးက ကျွန်မပြီးမှပဲလေ။ ဒါပေမယ့် အခုတော့ ကျွန်မက သူရဲ့ ပထမဦးစားပေး မဟုတ်တော့တာ သေချာသွားပြီ။
YOU ARE READING
Purple Land (ʀᴇᴅ + ʙʟᴜᴇ)
FanfictionWenrene one shot လေးတွေကို စိတ်ကူးပေါက်တိုင်း တင်ပေးသွားမှာပါ ❤💙