ကြည်လင်တောက်ပလွန်းတဲ့နေရောင်ခြည် သာယာလှတဲ့ရာသီဥတု နဲ့ မဟူရာကဲ့သို့ နက်မှောင်နေသောကျောင်ဆောင်များပေါ်သို့တ၀ုန်း၀ုန်း ရိုက်ခတ်နေသော ငွေရောင်လှိုင်းလုံးကလေးများက ငပလီ ကမ်းခြေကို ပို၍လှပစေသည်။
ခေတ် နိုးပြီးလား?
မျက်စိမဖွင့်ခင်ကြားလိုက်ရသော မာန့်ရဲ့စကားကြောင့် ခေတ်ဘ၀ရဲ့အကျည်းတန်ဆုံးဖြစ်ညဖြစ်ခဲ့တဲ့တဲ့ မနေ့ည ကအဖြစ်အပျက်များ ခေတ်ခေါင်းထဲတွင် ရှုပ်ရှက်ခက်သွားလေသည်။ သူငါ့ကိုအထင်သေးသွားပြီလား?ရွံရှာသွားပြီလား?စသောအတွေးပေါင်းစုံက ခေတ်ရဲ့ ခေါင်းထဲတွင်နေရာယူကာ မေးခွန်းများမရပ်မနားထုတ်လေသည်။
ခေတ် ဘာတွေစဥ်းစားနေတာလဲ?နိုးနေရင်ထတော့လေ ရေသွား3ချိုးပြီး အ၀တ်အစားလဲတော့ ဒီနေ့ခေတ်shootingရှိတယ်မှတ်လား သွားတော့ ခပ်သွက်သွက်လုပ်တော့!!
မာန့်ရဲ့မရပ်မနားပြောနေသောစကားသံတွေကြောင့် ခေတ်တစ်ယောက် အတွေးပင်လယ်ထဲက ရုန်းထွက်ခဲ့ပြီး
အော်ဟုတ်သားပဲ ဒီနေ့shootingရှိသားပဲ မဖြစ်ဘူး မဖြစ်ဘူး ခေတ် မင်းစိတ်တွေ မြန်စုဆည်းစမ်း
ခေတ်လေး ဘာတွေစဥ်းစားနေတာလဲ အကိုပြောတာကြားလား??
ခေတ်ကတော့ဘားတစ်ခွန်းမှပြန်မပြောတော့ဘဲ ရေချိုးခန်းထဲသို့ ၀င်လာခဲ့သည်။
ဟူး..ဒီကောင်လေးတော့ ငါ့ကိုကောက်နေပြီတဲ့တူတယ် 😏 ဟုတိုးတိုးလေးပြောပြီး အ၀တ်အစားလည်းကာ shooting အတွက်လိုအပ်တာမှန်သမျှပြင်ဆင်နေသည်။
ခေတ်ရေချိုးပြီးပြီလား လာလာအ၀တ်အစားလဲပြီး ကိုယ်တို့မနက်စာစားကြရအောင်
အပေါ်ပိုင်းဗလာနဲ့ရေချိုးခန်းထဲကထွက်လာသောခေတ်ကိုကြည့်ပြီး မာန့်စိတ်ထဲ၌
ဟာ ခေတ်ရဲ့ အသားအရည်က ဖွေးဥနေတာမိန်းခလေးတစ်ယောက်ကျနေတာပဲ ပြီးတော့သူ့nippleလေးက နီရဲနေတာ ကိုက်ချင်စရာလေး....ဟျောင့်မာန် မင်းစိတ်တွေဘာဖြစ်နေတာလဲ ယောက်ကျားလေးချင်းချင်းကို ပြီးတော့ မင်းသူ့ကိုလိုတာထက်ပိုပြီးဂရုစိုက်နေတယ် မင်းဘာဖြစ်နေတာလဲ မင်းသူ့ကိုချစ်မိနေလို့လား??ဟာမဖြစ်သေးပါဘူး ငါတို့က ယောက်ကျားလေးအချင်းချင်းကို ဟာကွာ ဘာတွေလဲ....
YOU ARE READING
The Devil Straight (unicode)
Romanceအတိတ်ဘ၀ရဲ့ဆန်းကြယ်လှတဲ့ ရေစက်နဲ့ ဆုတောင်းမှားခဲ့ကြတဲ့ မာန်ဆက်ယံ နဲ့ ခေတ်သစ်သွေး...... ယခုဘ၀မှာလည်း အရင်ဘ၀ကလို ကံကြမ္မာဆိုးတွေကြောင့် ခွဲခွာကြရမလား ဒါမှမဟုတ် ရင်ဆိုင်းကျော်ဖြတ်နိုင်ပြီး အတူအသက်ထက်ဆုံးလက်တွဲသွားနိုင်မလား?? သူတို့၂ယောက်ရဲ့မိဘတွေကရော သ...