မာန် တစ်ယောက်ကျောင်းလည်းရောက်ရော ကျောင်းကvolunteersတွေနဲ့ နောက်၃ရက်နေရင် ထွက်ရမဲ့ ခရီးအတွက်ပြင်ဆင်နေကြသည်။
ခေတ်ကတော့ အလုပ်ရှုပ်နေတဲ့ မာန့်ကို ပဲ အားတဲ့အချိန်တိုင်း နံရံလေးဘေးနားက ခိုးကြည့်နေမိသည်။
ကဲသားတို့သမီးတို့ရေ teacher တို့ majorက auditionအောင်တဲ့ သူတွေကို teacherကြေငြာပေးမယ်နော် ဆိုပြီးteacherဒေါ်သူဇာရဲ့ စကားသံကြောင့် ခေတ်နဲ့အိမ့်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူတို့၂ယောက်စလုံးauditionအောင်ပါစေလို့ဆုတောင်းနေမိသည်။
မောင်ကောင်းထက်ကျော်
မောင်ဟိန်းအာကာလွင်
မောင်ရှိုင်းထက်ကို
မောင်ခေတ်သစ်သွေး
မနဒီ၀င့်လှိုင်
မအိမ့်ရွှေခြူး
မဖြူစင်သန့်
ကဲဒီ၇ယောက်ကauditionကိုအကောင်းဆုံးကျော်ဖြတ်နိုင်တဲ့သူတွေမို့ တီချယ်တို့ရွေးလိုက်ခြင်းခြင်းဖြစ်တယ်
နောက်မပါတဲ့သူတွေကလည်းစိတ်ဓါတ်မကျဘဲ နောက်နှစ်တွေမှာဆက်ပြိုင်ကြတာပေါ့
ပါတဲ့သူတွေက ပြီးရင်တီချယ်နဲ့လိုက်ခဲ့ပြီး rehearsal လုပ်ကြရမယ်နော်.. ကဲအားလုံးမင်္ဂလာပါ ဆိုပြီးteacherလည်းထွက်ရော auditionအောင်တဲ့၇ယောက်စလုံး teacherနောက်ကို စာအုပ်နဲ့ဘောပင်ယူပြီး လိုက်သွားကြသည်။
ခေတ် တို့ rehearsal ကို၂ရက်လောက် ကြိုးစားပန်းစားလုပ်ကြပြီး ရိုက်ကူးရေးအတွက်အသင့်ဖြစ်နေကြပြီ။
ခေတ်တစ်ယောက် သူ့မေမေ ဒေါ်နန်းထိုက်သူ ကို ကျောင်းကtripထွက်ခိုင်းလို့ ငပလီ ကိုလိုက်သွားရမယ်လို့ လိမ်ပြောလိုက်သည်။
အစကတော့ခေတ်မေမေက
သားရာယ် မသွားလို့မရဘူးလား သားနဲ့မေမေက ဘယ်တုန်းက ခွဲပြီးနေဖူးလို့လဲ ဆိုပြီး ခေတ်ကိုမလိုက်သွားဖို့ပြောသော်လည်း
မမရာယ်ခေတ်လေးလည်းလူကြီးဖြစ်နေပါပြီ ၁၈နှစ်လဲပြည့်ပြီး ပါပြီ မမအဲ့လိုခလေးကိုအရမ်းချုပ်ချယ်နေရင် ခေတ်က မိန်းမ ကောက်ယူသွားရင်ဘယ်လိုလုပ်မလဲ
YOU ARE READING
The Devil Straight (unicode)
Storie d'amoreအတိတ်ဘ၀ရဲ့ဆန်းကြယ်လှတဲ့ ရေစက်နဲ့ ဆုတောင်းမှားခဲ့ကြတဲ့ မာန်ဆက်ယံ နဲ့ ခေတ်သစ်သွေး...... ယခုဘ၀မှာလည်း အရင်ဘ၀ကလို ကံကြမ္မာဆိုးတွေကြောင့် ခွဲခွာကြရမလား ဒါမှမဟုတ် ရင်ဆိုင်းကျော်ဖြတ်နိုင်ပြီး အတူအသက်ထက်ဆုံးလက်တွဲသွားနိုင်မလား?? သူတို့၂ယောက်ရဲ့မိဘတွေကရော သ...