သူ့ကိုမထိပါနဲ့ သူနဲ့မဆိုင်ပါဘူး အားး
မနက်၇နာရီလောက် မာန်တစ်ယောက် အိမ်မက် မက်နေရာကနေ လန့်နိုးသွားလေသည် မာန့်ရဲ့အော်သံကြားလိုက်ရ၍ ပျာပျာသလဲလဲ မီးဖိုခန်းထဲကနေ ရောက်လာပြီး မာန့်ကို ဖတ်လိုက်သည် ထိုနောက် မာန့်ရဲ့ ပျော့ပျောင်းလှတဲ့ ဆံပင်လေးတွေကို လက်နှင့်သတ်ပြီး သား မာန် မင်းအဲ့အိပ်မက်ဆိုးတွေမက်ပြန်ပြီလားဟင်??မာန်တစ်ယောက်ဘားမှပြန်မပြောဘဲ သူ့မေမေ ဒေါ်သီရီ ရင်ခွင်တည်းမှာပဲ ခတ္တမှေးပြီးမှ ဟုတ်တယ် မေမေ သားအဲ့အိမ်မက်တွေထပ်မက်ပြန်ပြီ အဲ့တာဆိုလည်း မေမေရေမန်းသွားယူပြီး ပြန်လာခဲ့မယ် သားဆက်အိပ်ရင်အိပ်လိုက်လေ မာန်က မေမေသား ထပ်မအိပ်တော့ဘူးလေ မေမေနဲ့မနက်စာ၀ိုင်းပြင်ပေးမယ်နော် ဒေါ်သီရိက အံမယ် ဒီနေ့မနက်စာကို သားကြိုက်တဲ့အုန်းနို့ခေါက်ဆွဲ ချက်ထားတယ် မင်းဖေဖေနဲ့ အိမ့်တို့က မနက်အစောကြီးထပြီ မေမေ့ကို ကူချက်ပေးနေတာ သား သာ အိပ်ပုတ်ကြီးနေတာ မာန့်မေမေ မာန့်ကိုစောင်းပြောနေတာကြောင့် မာန်က ခလေးလေးလို နုတ်ခမ်းကြီးစူပြီး မေမေနော် သားက အိပ်ချင်လို့အိပ်တာမဟုတ်ဘူး ညကသားကျောင်းကစာတွေလုပ်နေရလို့ ညဥ်နက်မှအိပ်ပျော်သွားတာ မေ့မေ့သမီး အိမ့် လိုမဟုတ်ဘူး သူကအားအားယားယားနေပြီး မေမေ့ကိုဖားနေတာ ကြည့်နေ သူချက်ပြီးရင် အဲ့အုန်းနို့ခေါက်ဆွဲတွေကို သူ့သူငယ်ချင်းတွေအတွက်ယူသွားမှာ သိလား!! ထိုနောက် မာန့်မေမေက သားရာယ် ယူသွားပါစေ အိမ့်သူငယ်ချင်းတွေက လူကောင်းလေးတွေပါ ဟိုခလေး ခေတ်ဆိုရင် လူကြီးသူမကိုလည်းရိုသေတယ်

အပြောအဆိုလည်းယဥ်ကျေးတယ် ပြီးတော့အိမ့်အပေါ်လညအမြဲကူညီတယ်လေ ကဲဟိုတစ်လောကပဲ မင်းညီမ အိမ့် ဖိနပ်ပျက်သွားလို့ ငါကယောကျားလေးဆိုတော့ ဖိနပ်မပါလည်းကိစ္စမရှိဘူး နင်က မိန်းခလေးဆိုတော့မသင့်တော်ဘူး ဆိုပြီး သူ့ဖိနပ်ကိုချွတ်ပြီး အိမ့် ကို စီးခိုင်းတာလေ ပြီးတော့.... ဟိုးးးး မေမေရာယ်တော်ပြီ အဲ့ကောင်အကြောင်းပြောမနေပါနဲ့တော့ မေမေလည်းအုန်းနို့ခေါက်ဆွဲသွားချက်လိုက် သားလည်း ရေမိုးချိုးပြီး ရင်အတူတူစားကြမယ် ဆိုပြီး မာန်တစ်ယောက် အိပ်ရာပေါ်ကနေ ခုန်ပေါက်ပြီးဆင်းသွားပြီးရေချိုးခန်းထဲ၀င်သွားလေသည်။ဒေါ်သီရိကတော့ ခလေးလေးတစ်ယောက်လိုခုန်ပေါက်နေတဲ့မာန့်ကိုကြည့်ပြီး ခေါင်းလေးခါလိုက်သည်။

နံနက်စာစားနေကြချိန်

သား ကိုမာန် သားဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ ကျောင်းပိတ်တယ်မှတ်လား??မာန့်ဖေဖေ ဦးမာန်ရဲထွဋ် ရဲ့စကားသံကြောင့် မေ့မေ့အုန်းနို့ခေါက်ဆွဲကိုခေါင်းမဖော်တန်းအားပေးနေသော မာန်တစ်ယောက် ဖေဖေ့ ကိုစကားပြန်ပြောရတော့မည် ဟုတ်ဖေဖေ ဒီနေ့သားတို့ကျောင်းပိတ်တယ် ဒါပေမဲ့ညနေကြရင်တော့သူငယ်ချင်းမွေးနေ့သွားစရာရှိတယ်။ မာန့်ဖေဖေက အေးအဲ့တာဆို နေ့လယ်ကြရင် မင်းညီမ လေးကို Juction City လိုက်ပို့ပေးလိုက် ဖေဖေ့ သူငယ်ချင်း ရဲ့သမီးလေးမွေးနေ့အတွက် လက်ဆောင်လေး၀ယ်ပေးချင်လို့ ဖေဖေလည်းမအားလို့ အိမ့်ကို ပဲ၀ယ်ခိုင်းလိုက်ရတာ ပြတော့ တစ်ယောက်တည်းလည်းစိတ်မချလို့ မင်းပါလိုက်သွားပေးလိုက် ဦးရဲလည်းစကားဆုံးရောမာန်က ဖေဖေ ဖေဖေ့သမီးကို ၀ယ်ပေးခ ဘယ်လောက်တောင်ပေးလိုက်ရလဲ ဖေဖေ့သမီးကအလကားတော့၀ယ်ပေးမှာမဟုတ်ပါဘူး ထိုစဥ် ဖေ့ဖေ့ဘေးနားက အိမ့်က အောင်မယ် ကိုကိုငါကိုနင့်လိုများမှတ်နေလား ငါတို့ကမိဘကိုကူညီတယ် အဲ့အတွက်ကြောင့်မုန့်ဖိုးရတာ နင့်လို လယ်ရာပြန်စားရေး လုပ်ပြီး မိဘပိုက်ဆံထိုင်သုံးနေတာမဟုတ်ဘူး ဟွန်း အိမ့်လည်းစကားဆုံးရော မာန်က လက်ထဲမှာအချဥ်ညှစ်ဖို့ကိုင်ထားတဲ့ ရှောက်သီးစိတ်နဲ့ အိမ့်ကိုပစ်ပေါက်ပြီး ဟုတ်ပါပြီ အရူးမရာယ် ပြီးတော့ ဦးရဲကို မာန်ကြည့်ပြီး ဟုတ်ဖေဖေသား အဲ့အရူးမကို လိုက်ပို့လိုက်ပါ့မယ် အဲ့တာကြောင့် သားကိုလည်းလိုက်ပို့ခ လေး ဟီးဟီး😁😁 အေးပါသားရာယ် ဖေဖေလည်းသားကို ဒီလအတွက်မုန့်ဖိုးမပေးရသေးဘူးမှတ်လား အဲ့တာကြောင့် မင်းမေမေ့ ဆီးက မုန့်ဖိုးနဲ့ မင်းကားအတွက်ဆီဖိုးပါယူသွားလိုက်နော် အဲ့တာဆိုလည်း ဖေဖေသွားပြီနော် ဦးရဲ ရဲ့ စကားလည်းဆုံးရော အိမ့်က သမီး မိန်းခလေးပီပီ ဖေဖေ ညနေစောစောပြန်လာနော် သမီးနဲ့မေမေတို့ ဖေဖေကြိုက်တဲ့ ငါးသလောက်ပေါင်းလေးနဲ့သရက်ချဥ်လေး သုတ်ထားပေးမယ် ဦးရဲကတော့ နောက်ပြန်လှည့်မကြည့်တော့ဘဲ အေးအေး လို့ပြောပြီး driverဖွင့်ပေးတဲ့ ကားထဲ၀င်ပြီး သူ့ ကုမ္ပဏီ ဆီသွားလေသည်။

ဟဲ့ မိအိမ့် နင်မပြီးသေးဘူးလား ငါစောင့်နေတာ၃မိနစ်လောက်ရှိပြီ စိတ်မရှည်တဲ့လေသံနဲ့ မာန်က အိမ့်ကို ငေါက်လိုက်သည် အခန်းထဲက အိမ့်က အေးဟယ် ပြီးပါပြီ ၃မိနစ်ထည်းစောင့်ရတာကို၃နှစ်များထင်နေလားမသိဘူး ပြီးပြီ ပြီးပြီ သွားသွား ကားထဲက စောင့်နေလိုက် အေးပြီးရော ဆိုပြီး မာန်က ခြေလှမ်းကျဲကျဲနှင့် ခြံထဲက သူ့အမဲရောင်crownကားလေးရှီရာသို့ ကားသော့လေးကိုလက်နဲ့လှည့်ပြီး လေချွန်ကာထွက်လာလေသည်။ခဏကြာေတာ့အိမ့်လည်းမေမေ့ကိုနုတ်ဆက်ပြီး သူတို့JC သို့ထွက်သွားကြလေသည်။လမ်းတစ်၀က်၌ အိမ့်က ဟဲ့ ကိုကို ငါက ခေတ်နဲ့ကောင်းပြည့်ကို ၀င်ခေါ်ရအုန်းမှာ၃ယောက်သွားမယ်လို့ချိန်းထားတာ သူတို့၂ယောက်ကိုသွားေခါ်ပေးပါနော် သူတို့နဲ့ပြီးရင်auditionဖြေဖို့လည် လေ့ကျင့်ရအုန်းမှာမို့နော် သွားခေါ်ပေးပါနော် နော် နော် လို့ အိမ့်ရဲ့သူ့အကိုကို ချွဲနေတဲ့အသံကြောင့် မာန်ကလည်း အေးအေး သူတို့နေတဲ့နေရာပြော သွားခေါ်ပေးမယ် ပြီးရင် နင်ငါ့ကို့ မုန့်၀ယ်ကျွေးရမှာနော် အေးပါကိုကိုကလည်း ငါ၀ယ်ကျွေးပါ့မယ် လောေလာဆယ်တော့ ခေတ်တို့အိမ်ကိုအရင်မောင်း ခေတ်တို့အိမ်မှာကောင်းပြည့်လည်းရောက်နေပြီနဲ့တူတယ် အဲ့ကနေပဲ တစ်ခါတည်းသွားကြမယ်လေနော် အေးနင့်သဘော ငါ့ကိုမုန့်၀ယ်ကျွေးမယ်ဆိုပြီးတာပဲ
YOU ARE READING
The Devil Straight (unicode)
Romantizmအတိတ်ဘ၀ရဲ့ဆန်းကြယ်လှတဲ့ ရေစက်နဲ့ ဆုတောင်းမှားခဲ့ကြတဲ့ မာန်ဆက်ယံ နဲ့ ခေတ်သစ်သွေး...... ယခုဘ၀မှာလည်း အရင်ဘ၀ကလို ကံကြမ္မာဆိုးတွေကြောင့် ခွဲခွာကြရမလား ဒါမှမဟုတ် ရင်ဆိုင်းကျော်ဖြတ်နိုင်ပြီး အတူအသက်ထက်ဆုံးလက်တွဲသွားနိုင်မလား?? သူတို့၂ယောက်ရဲ့မိဘတွေကရော သ...