မေမေ အဲ့တာဆို သားသွားပြီနော် မာန်တစ်ယောက်သူ့ သူငယ်ချင်း ကောင်းထက်လျံ ရဲ့ မွေးနေ့ကိုသွားဖို့ သူအမေကို နုတ်ဆက်ပြီး သူ့ရဲ့ကားလေးရှီရာသို့ ထွက်လာခဲ့သည် ကောင်းထက်က သူ့မွေးနေ့ကို party ပုံစံမျိုးမလုပ်ဘဲ club တစ်ခုမှာပဲ သူငယ်ချင်းတွေနဲ့ သောက်က်ကြ စားကြ ကကြဖို့ပဲ စီစဥ်ထားသည်။ (rk တွေဆိုတော့လည်း😅)မာန်တစ်ယောက် ကားကိုမှန်မှန်လေးမောင်းရင် ကားထဲကradioလေးဖွင့်ပြီး radioက လာတဲ့ Taylor Swiftရဲ့ Lover သီချင်းကို စာသားတွေမရဘဲ ရွှီးပြီးလိုက်ဆိုမိသည်။မာန်က သီချင်းနားထောင်ရတာ၀ါသနာသိပ်မပါပေမဲ့ အိမ့်က Swiftieတစ်ယောက်ဖြစ်တာကြောင့် Taylorသီချင်းတွေအိမ်မှာအမြဲ အကျယ်ကြီးဖွင့်ပြီး အသံပြဲကြီးနဲ့ လိုက်ဆိုနေတာမို့ နည်း"တော့နားယဥ်ပြီး လိုက်တော့ရွှီးနိုင်သည်။ ထို့နောက် မာန်လည်း ကောင်းထက်မွေးနေ့ကျင်းပတဲ့clubနေရာလည်းရောက်ရော ပါကင်းထိုးပြီး club ထဲသို့ ကောင်းထက်တို့အုပ်စုကိုရှာပြီး ဟျောင့်ကောင်းကြီး ရော မင်းအတွက် မွေးနေ့လက်ဆောင်ဒီမှာ HBDပါသားရီး ဆိုပြီး ကောင်းထက်ကို ဖက်ပြီးပြောလိုက်သည် ကောင်းထက်ကလည်း ဟျောင့်မင်းကလည်း လက်ဆောင်တွေဘာတွေမလိုပါဘူး မင်းလာတာပဲ ငါတို့၀မ်းသာနေပြီကွ ဆိုပြီး မာန်ကို အရက်၁ခွက်ငှဲ့ပေးပြီးပေးလိုက်သည်။ မာန် အရက်တွေသိပ်မသောက်တတ်ပေမဲ့ ၁ခွက်၂ခွက်လောက်တော့ အေးဆေး၀င်ပါသည်။ဒါကြောင့်ကောင်းထက်ပေးတဲ့ ခွက်နဲ့သူငယ်ချင်းတွေအားလုံး cheere လုပ်ပြီး 1slop တစ်ကျိုက်တည်းမော့ချလိုက်သည်။ ပြီးမှအတူတူကကြပြီး နာရီခွက်လောက်ကြာတော့ မာန်က ကရတာမောလို့ ခုံမှာထိုင်ပြီး သူ့ဆံပင်၀ဲ၀ဲ လေးတွေကို လက်နဲ့သပ်ပြီး ဘေးနားက ရေခွက်ထဲကို ရေခဲတုံးလေးထည့်ပြီး သောက်လိုက်သည်။
ဟဲ့ဟဲ့ ဟိုမှာ အဆင် တစ်ယောက် ငါသွားဖန်ကြည့်လိုက်အုန်းမယ် ဆိုပြီး မာန့်ကိုလက်ညှီှးထိုးပြီး ယမင်းသော် တစ်ယောက်ထလာလေသည်။ယမင်းသော်ကအခြားသူမဟုတ် ကောင်းထက်ရဲ့သူငယ်ချင်း မင်းမြတ်သူရဲ့gfဖြစ်သည်။
မာန့်နားရောက်တဲ့အခါ ယမင်းသော်က ဟေ့ မင်းတစ်ယောက်တည်းလား အဖော်မပါရင် ဟိုမှာအမတို့နဲ့လာjoinလို့ရတယ်နော် ဆိုပြီး သူတို့၀ိုင်းကို လက်ညှှိးထိုးပြလေသည် မာန်ကလည်း သူ့ကိုကြည့်ပြီး ဘားမှမပြောတော့ဘဲ ထထွက်လာလိုက်သည်။ဒါကို ယမင်းသော် မကျေနပ်ဘဲ မာန့်လက်ကို ဆွဲပြီး သူတို့နဲ့လာjoinဖို့အတင်းခေါ်လေသည်။ ထိုချိန် မင်းမြတ်က မြင်ပြီး မာန့်ကို သူ့gf နဲ့အထင်လွဲပြီး ထိုးလိုက်လေးသည်။မာန်ကလည်းအသားလွတ်ကြီး ထိုးခံလိုက်ရတော့ မကျေနပ်ဘဲ မူးနေပြီး သာခွေယိုင်ဖြစ်နေတဲ့ မင်းမြတ်ကို ၂ချက်လောက်ဆင့်ထိုးလိုက်သည်။ထို့နောက် လူတွေ၀ိုင်းလာကြပြီး ကောင်းထက် က ၀င်ရောက်ဖြေရှင်းပြီး လူစုခွဲကြလေသည်။ထို့နောက် မာန့်ကို တောင်းပန်ပြီး အတူတူပြန်ကကြဖို့ ကောင်းထက်က ပြောသည် မာန်ကတော့ ဗလိုင်းကြီး ထိုးခံလိုက်ရတော့ ဒေါသတွေအရမ်းထွက်ပြီး ငါပြန်တော့မယ် ဆိုပြီး ထထွက်လာလိုက်သည်။
တီးတီး အဝေးက remove နဲ့သော့လှမ်းဖွင့်ပြီး ကားထဲသို့၀င်ဟန်ပြင်နေစဥ် မာန့်ပုခုံးပေါ် တစ်စုံတစ်ယောက်က လက်လာတင်ပြီး အလှည့်ကျတော့မနွဲ့စတမ်း ဆိုပြီး ပြောသံကြားတော့ လက်လာတင်တဲ့သူကို မာန်လှည့်ကြည့်မိလိုက်သည်။ထိုသူကအခြားသူတော့မဟုတ် မင်းမြတ် ဖြစ်နေသည်။ မင်းမြတ်လည်းသူတစ်ယောက်တည်းမို့ မာန့်ကိုဘားမှပြန်မပြောတော့ဘဲ ခပ်သွက်သွက် ပြန်ပြီးclubထဲကို ပြန်၀င်သွားတယ် မာန်လည်း ဒီဘဲ ငါ့ကိုဘာများထင်နေလည်းဆိုပြီး ရေရွတ်ပြီး ကားထည်း၀င်ပြီးသူ့အိမ်သို့ ပြန်လာခဲ့သည်။မာန်ကငယ်ငယ်တည်းက ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ဆိုပြီး ဦးရဲက ၁ပတ်ကို၂ရက် သူ့သူငယ်ချင်းဖွင့်ထားတဲ့Boxingသင်တန်းကို မာန်နဲ့အိမ့်၂ယောက်စလုံးကို ပို့ထားပေးလို့ မာန့်ရဲ့လက်သီးချက်တွေက ကြေးစားလက်ေ၀ှးသမားများရဲ့ လက်သီးချက်တွေထက်မသာရင်တောင် သူတို့လောက်မပျော့သော လက်ရည်ရှိသည်။
YOU ARE READING
The Devil Straight (unicode)
Romanceအတိတ်ဘ၀ရဲ့ဆန်းကြယ်လှတဲ့ ရေစက်နဲ့ ဆုတောင်းမှားခဲ့ကြတဲ့ မာန်ဆက်ယံ နဲ့ ခေတ်သစ်သွေး...... ယခုဘ၀မှာလည်း အရင်ဘ၀ကလို ကံကြမ္မာဆိုးတွေကြောင့် ခွဲခွာကြရမလား ဒါမှမဟုတ် ရင်ဆိုင်းကျော်ဖြတ်နိုင်ပြီး အတူအသက်ထက်ဆုံးလက်တွဲသွားနိုင်မလား?? သူတို့၂ယောက်ရဲ့မိဘတွေကရော သ...