> 8 <

2.6K 232 18
                                    

စော‌နကမှမှေးကနဲအိပ်ပျော်သွားတာ
ခုပြန်နိုးနေပြန်ပြီပဲ ဘာပဲဖြစ်ဖြစ်မနက်တောင်ရောက်ပြီကို
ပြန်မအိပ်တော့ပါဘူးလေ

ရင်ခွင်ထဲကကောင်လေးကိုလဲကြည့်ရသေးတယ်
တညလုံး နိုးလာလိုက်ငယ့်ကိုစောင်ပြန်ခြုံပေးလိုက်
အိပ်မောကျနေတဲ့မျက်နှာလေးကိုငေးလိုက်
အရမ်းများအေးနေမလားလို့ လက်ဖျားလေးတွေ‌ခြေဖျားလေးတွေကိုစမ်းကြည့်လိုက်နဲ့
ဟုတ်နေတာပဲ

ငယ်ငယ်က အရမ်းလိုချင်တဲ့အရုပ်လေးကို
မားနဲ့ပါးဝယ်လာပေးတုန်းကအဖြစ်ကိုသွားသတိရတယ်
အရုပ်ကိုပျက်သွားမှာစိုးလို့သေချာမဆော့ရဲဘူး
ထုတ်ကြည့်လိုက် ဘူးထဲပြန်ထည့်ထားလိုက်
ခနနေရင်ပြန်ကြည့်လိုက်နဲ့လေ၊
ငယ့်ကိုရင်ခွင်ထဲထည့်အိပ်ရတာလဲအဲ့ခံစားချက်ပဲ
တော်တော်အဖြစ်သည်းတယ်ပြောလဲခံပါ့မယ်ဗျာ
ချစ်တာကိုး မနေနိုင်ဘူး။

တခါတလေကြည့်လိုက်ရင်နှုတ်ခမ်းလေးကဟစိဟစိနဲ့
ဘာအိပ်မက်တွေများမက်နေတာလဲမသိဘူး

ဟော...ခုလဲကြည့်ဖက်ထားတာကိုမှ
ပိုတိုးပြီးလာဖက်နေတယ် အေးလို့ထင်ပါရဲ့

*အား..အေးလိုက်တာမနေ့ညကairconမလျှော့မိဘူး
ထင်တယ်
နေပါအုံးငါဖက်ထားတာဘာကြီးလဲ နွေးနေတာပဲ
ပြီးတော့တစ်ခုခုထဲမြုပ်နေသလို*

အိပ်ချင်မူးတူးနဲ့မျက်လုံးကိုအသာလေးဖွင့်ကြည့်မိတော့

"OMG"

ဖက်ထားတာကိုလွှတ်ပြီးချက်ချင်းငုတ်တုတ်ထထိုင်မိတယ်
ဆည်းဆာမနေ့ညကဒီမှာအိပ်ပျော်သွားတာပဲ

"ဘာဖြစ်တာလဲ ငယ်ရဲ့ ဘာကိုလန့်သွားတာလဲ"

"ဟို....စိုင်း အဲမဟုတ်ဘူး ကိုကိုကဒီမှာအိပ်တာလား"

"အင်းလေ ဒီမှာပဲအိပ်တာလေ"

အမလေးလေး ငါတော့
‌မေမေနဲ့တူတူအိပ်တုန်းကလိုအားရပါးရကြီး
ဖက်အိပ်မိနေတာပဲ
မင်းဘယ်လိုများအိပ်ပျော်သွားတာလဲကွာ မျက်နှာပူလိုက်တာ

ရှက်ရှက်နဲ့
"သေစမ်း ဆည်းဆာ"လို့ရေရွတ်ရင်း
စောင်ပုံထဲပဲမျက်နှာမှောက်ချလိုက်တယ်

𝚁𝙴𝙰𝚂𝙾𝙽 𝚃𝙾 𝙱𝚁𝙴𝙰𝚃𝙷𝙴    Where stories live. Discover now