> 12 <

2.2K 214 6
                                    

"မိုးရာသီကိုမုန်းလိုက်တာ"

မှတ်တိုင်မှာကားစောင့်နေရင်း
မိုးရွာထဲအပြင်ကိုတွေတွေလေးငေးကြည့်ကာ
ပြောနေတဲ့ငယ်‌ရယ်လေ

ငယ်ပြောပြဖူးတယ်
အရင်တုန်းက မိုးရာသီကိုမမုန်းဘူး
လျှပ်စီးလက်ရင်ပဲကြောက်တာ
လေပြင်းတွေတိုက်ပြီးမိုးတအားသည်းနေရင်ပဲ
ကြောက်ခဲ့တာတဲ့
အတိတ်ဆိုးရှိခဲ့တဲ့
မိုးရာသီကိုမုန်းတာမဆန်းပါဘူးလေ
ငယ်အရမ်းချစ်တယ်ဆိုတဲ့သူ့ဖေဖေက
မိုးရွာထဲမှာမတော်တဆဖြစ်ခဲ့တာမလား

နာကျင်စရာ
အတွေးတွေထဲတစ်ခေါက်
ပြန်ရောက်နေမှာစိုးလို့
‌အနားကိုပိုတိုးကပ်ရင်း
လက်‌လေးတစ်ဖက်ကိုဆုပ်ကိုင်လိုက်တော့
ပြန်ယှက်တွယ်လာတယ်

ကိုကိုရှိတယ် ငယ်........

"လာထ....ကားလာပြီသွားစို့"

ငယ့်လက်ကိုဆွဲတက်လာရင်း
လွတ်နေတဲ့နောက်ဆုံးတန်းခုံဆီကိုဦးတည်လိုက်တယ်

မိုးရာသီဆို‌တော့
ကျောင်းကိုjojoနဲ့မသွားဖြစ်တော့
အိမ်ရာရှေ့ကားမှတ်တိုင်အထိတူတူလမ်းလျှောက်လာရင်း
အသွားအပြန်ကို လိုင်းကားပဲစီးဖြစ်ကြတယ်
စိုစိုစွတ်စွတ်နဲ့မို့လို့
ငယ့်ကျန်းမာရေးကိုလဲကြည့်ရသေးတယ်လေ

မိုးရွာလို့ရာသီဥတုကအေးနေရတဲ့အထဲ
ကားအဲကွန်းကပါစိမ့်နေတာမို့လို့ ဆက်ပိုင်တောင်
ချမ်းလာသလိုလို

ဒါနဲ့ပဲ အေးစက်နေပြီဖြစ်တဲ့ငယ့်လက်လေးကိုဆုပ်ကိုင်ရတယ်
အနီးကပ်မြင်နေရတဲ့မှန်မှာတော့
မိုးရေစက်တွေဟာအလုအယက်ပြေးဆင်းနေကြလေရဲ့

"ကိုကို မိုးရွာရင်သဘောကျလား"
ခေါင်းလေးစောင်းရင်းမေးလာတဲ့
ကောင်ငယ်လေးဟာ
ဘယ်အချိန်ကြည့်ကြည့်အချစ်ပိုချင်စရာလေး

"ငယ်ကမိုးရာသီကို မုန်းတယ်ဆို"

"အင်းလေ"

"အဲ့တာဆိုကိုကိုလည်း မကြိုက်ဘူးမုန်းတယ်"

အနက်ရောင်ပြန်‌ပြောင်းထားပြီဖြစ်တဲ့
ဆံပင်နုနုတို့ကို ခပ်ဖွဖွအုပ်ကိုင်ရင်းပြောတော့
သဘောတကျနဲ့ရယ်တယ်လေ

𝚁𝙴𝙰𝚂𝙾𝙽 𝚃𝙾 𝙱𝚁𝙴𝙰𝚃𝙷𝙴    Where stories live. Discover now