လေယာဥ်ကွင်းကထွက်ပြီးလမ်းမပေါ်တက်လိုက်တာနဲ့လှမ်းမြင်နေရတဲ့ပင်လယ်ပြာ၊ကားမှန်ကိုတဆုံးအထိဖွင့်ချလိုက်တော့
အလုအယက်တိုးဝင်လာတဲ့လေတွေကလတ်ဆတ်လွန်းတယ်
ဘေးမှာထိုင်နေတာကကနှုတ်ခမ်းဆူပြီးကောက်နေတဲ့
ကလေးပေါက်စန"ငယ်ဒီမှာကြည့်တအားလှတယ်"
ဒီဘက်ကိုကြည့်ခိုင်းတော့ဟိုဘက်ကိုအတင်းလှည့်သွားတဲ့ကောင်လေးကြောင့်ရယ်ချင်စိတ်ကိုမနည်းထိန်းရတယ် စိတ်ကောက်တဲ့levelကတစ်ဖြည်းဖြည်းကိုမြင့်လာတော့တာပဲ
"ဘာစိတ်ကောက်စရာရှိလို့လဲကလေးရဲ့"
အကြောင်းအရင်းကဘာဖြစ်မယ်ထင်လဲ luggageတွေယူတော့သူကူမသယ်ရလို့တဲ့ဗျာ သူ့ကိုယ်ပိစိလေးနဲ့အကြီးကြီးတွေတအားသယ်ချင်တာအခုမှမဟုတ်ဘူးအမြဲတမ်း လေးလို့မသယ်ခိုင်းတာကိုဒီကလေးကတစ်ခါမှမသိဘူး
"ကောက်မနေနဲ့တော့လေ ရှေ့မှာကားမောင်းတဲ့ဦးလေးကြီးလဲရှိတယ် ကိုကိုနမ်းလိုက်မှာနော်"
"ဟာ ဘယ်လိုဖြစ်နေတာလဲ မခေါ်ဘူး"
လက်သွားဆွဲတဲ့ကိုယ့်ကိုတောင်ပြန်ပုတ်ထုတ်ပြီးဟိုဘက်ကိုပိုကပ်သွားသေးတယ် ဒေါသအိုးလေးကိုသွားမထိပဲhotelရောက်မှတွေ့မယ်လို့တေးထားရင်း စိုင်းဆက်ပိုင်တစ်ယောက်မျက်နှာလေးပဲလိုက်ငေးနေရတော့တယ်
check inဝင်ပြီးအခန်းထဲရောက်တဲ့အထိအနားမကပ်ပဲ၅ပေလောက်အကွာကလိုက်လာတာနော် တကယ်မလွယ်တဲ့ဟာလေး
ယောင်လည်လည်နဲ့သန့်စင်ခန်းထဲဝင်မလို့လုပ်နေတဲ့ပေါက်စနကိုဆွေ့ခနဲပွေ့ချီရင်းဆိုဖာပေါ်ပြေးထိုင်ရတယ်ပြန်ထပြေးမလို့ရုန်းနေတော့အသာဆွဲချုပ်ရင်းတစ်ကိုယ်လုံးသိမ်းကျုံးဖက်ထားလိုက်တော့တယ်
"ကိုကိုး ဘယ်လိုဖြစ်နေတာလဲ"
"ကိုကိုးကဘာဖြစ်လို့လဲ"
"မခေါ်ပါဘူးဆို"
ပေါင်ပေါ်ဘေးတစောင်းတင်ထားရင်းဟနေတဲ့shirtရင်ဘတ်ကိုပြန်ဆွဲစိလိုက်ပြီးမှ
"ဘာလို့မခေါ်တာလဲ ကလေးရဲ့"
"ကိုကိုကလူရာမှမသွင်းတာ"
YOU ARE READING
𝚁𝙴𝙰𝚂𝙾𝙽 𝚃𝙾 𝙱𝚁𝙴𝙰𝚃𝙷𝙴
Romanceစိုင်းဆက်ပိုင် × ဆည်းဆာမောင် (own creation) ကိုကို့အတွက်တော့အသက်ရှင်နေထိုင်နိုင်ဖို့ တစ်ခုတည်းသောအကြောင်းပြချက်လေးက ငယ်တဲ့..... (Unicode/Zawgyi)