[EXTRA]

2.6K 204 14
                                    

ခန်းစီးလိုက်ကာကြားထဲကနေထိုးလာတဲ့နေ‌ရောင်စူးစူးကြောင့်
မျက်လုံးတွေကိုအားယူဖွင့်လိုက်တယ်
ရင်ခွင်ထဲကကောင်ငယ်လေးဟာရှိမနေတော့၊
ဘယ်ရောက်သွားပါလိမ့်

အိပ်ယာထဲကရုန်းထကာရေချိုးခန်းထဲကြည့်တော့လည်းမရှိ
ဒါနဲ့ပဲအောက်ထပ်ကိုဆင်းလာခဲ့တယ်
အိမ်ရှေ့ဧည့်ခန်းကိုလှမ်းကြည့်လိုက်ပေမယ့်ငယ့်အရိပ်လေးတောင်မတွေ့မနက်စောစောစိတ်ပူရအောင်ပျောက်သွားရတယ်လို့
နောက်ဆုံးမီးဖိုခန်းထဲဝင်လိုက်တော့မှ
နောက်ခိုင်းထားတဲ့ကျောပြင်လေးဟာတလှုပ်လှုပ်နဲ့

"ငယ်ရာ ရှာလိုက်ရတာ...."

ရုတ်တရက်မို့လို့ထင်ပါရဲ့
ခေါ်လိုက်တော့ တုန်တက်သွားတဲ့ခန္ဓာကိုယ်လေး

"အော်ကိုကိုနိုးပြီလား မနက်စာပြင်နေတာ ဟီး.."

ချက်ချင်းလှည့်လာပြီး လက်လေးနှစ်ဖက်နောက်ပစ်ရင်း
အ‌ပေါက်ဝမှာရပ်နေတဲ့သူ့ကိုလှမ်းပြောရှာတယ်
စောစောစီးစီးထပြီးမနက်စာပြင်နေတာတဲ့
ဘယ်‌လောက်လိမ္မာတဲ့ကလေးလေးလဲ

"ကိုကိုနိုးလာရင်လုပ်ပေးမှာပေါ့ ငယ်ရဲ့"

"ဟင့်အင်း ဒီပေါင်မုန့်ကင်ပြီးရင်ပြီးပြီ
ကိုကိုမျက်နှာသွားသစ်တော့"

"အင်းအင်း"

ဆက်ပိုင်အခန်းပေါက်ဝကလှည့်ထွက်သွားမှ
ဆည်းဆာတစ်ယောက်လက်ကိုငုံ့ကြည့်ရင်းအသက်ခိုးရှူရတယ်

"ဟူး......ကိုကိုမြင်ရင်ဆူတော့မှာပဲ"

~~~~~~~~~~

မျက်နှာသစ်သွားတိုက်ပြီးမီးဖိုခန်းထဲနောက်တစ်ခေါက်
ပြန်ဝင်သွားတော့ စားပွဲဝိုင်းမှာလက်လေးယှက်ရင်းထိုင်နေတာများ
ပုံ့ပုံ့လေး

‌"ကြက်ဥကြော်ကလေနည်းနည်းမဲသွားတယ် ဟီး"

လှမ်းကြည့်လိုက်တော့ half-friedမဟုတ်တော့ပဲအနားတွေမဲခြစ်နေတဲ့
ကြက်ဥကြော်နှစ်ခု၊ စားလို့တော့ရပါသေးတယ်
ပေါင်မုန့်နှစ်ချပ်ကတော့ စက်ထဲထည့်ကင်ထားတာမို့
တော်သေးတယ်
ပင်ပင်ပန်းပန်းလုပ်ပေးထားတဲ့ဟာကိုအပြစ်မမြင်ရက်ပါဘူး

𝚁𝙴𝙰𝚂𝙾𝙽 𝚃𝙾 𝙱𝚁𝙴𝙰𝚃𝙷𝙴    Where stories live. Discover now