Tae Hyung လည်း စကိတ်စီးပြီးလာစဉ်
လမ်းမှာ Kookie တစ်ယောက်တည်း ကားဘေးမှာ
မတ်တပ်ရပ်စောင့်နေတာပေါ့ အနားလည်းရောက်ရောKookie: သြော် ဒီမှာ ခဏလောက်
ကျွန်မကို တစ်ခုလောက်ကူညီပေးလို့ရမလားမသိဘူးTaeHyung: ဘာဖြစ်တာလဲ?
ကျွန်တော် ဘာကူညီပေးရမလဲ?Kookie: ကျွန်မကားမောင်းလာရင်းနဲ့ ဒီမှာ
ထိုးရပ်သွားလို့ ဘာဖြစ်မှန်းလဲမသိဘူး
ရှင်ကြည့်တတ်ရင် တစ်ချက်ကြည့်ပေးပါလား?TaeHyung: Okay လေ ကျွန်တော် ကြည့်တတ်
သလောက် ကြည့်ပေးပါ့မယ်Tae Hyung လည်း Kookie အကူအညီ
တောင်းတာနဲ့ ကားကိုပြင်နေတာနဲ့ Kookie ကို
အာရုံမရ အဲ့အချိန်မှာပဲ Kookie လည်း
ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ အသည်းပုံ
Key Chain လေးကို Tae Hyung စကိတ်
အောက်မှာ တိုးတိုးတိတ်တိတ်လေး
ကပ်ထားလိုက်သည်။ Tae Hyung လည်း
ခဏအကြာ ကားပြင်ပြီးတော့TaeHyung: ရပြီလားမသိဘူး နှိုးကြည့်လိုက်လေ
Kookie: သြော် ဟုတ် ကျေးဇူးပဲနော်
ဆိုပြီး ကားစက်နှိုးကြည့်တော့ အဆင်ပြေတာနဲ့ပဲ
Kookie: ရပြီ ရပြီ ကျေးဇူးပဲနော်
Tae Hyung လည်း လက်မထောင်ပြလိုက်တော့
Kookie: တာ့တာ
ဆိုပြီး ကားမောင်းထွက်သွားတော့သည်။
Tae Hyung ကားမောင်းထွက်သွားတာကို
ကြည့်ပြီး အိမ်ပြန်ဖို့ စကိတ်ကို မ လိုက်တော့
အသည်းပုံ Key Chain ကို တွေ့သွားတာပေါ့TaeHyung: ဟင်.. ဘယ်အချိန်ကများ
လာကပ်သွားတာလဲ? ဒီနားမှာ ဘယ်သူမှလည်း
မရှိပါဘူးဆိုပြီး ဟိုကြည့် ဒီကြည့်နဲ့ပေါ့...
ပြီးမှ ခုနက သူ့ကို ကားပြင်ခိုင်းတဲ့ကောင်မလေးလို့
စိတ်ထဲမှာထင်လိုက်ပေမယ့် ရုပ်ကိုမမှတ်မိ
သိတဲ့အတိုင်း Kim Tae Hyung ဆိုတာကလည်း
ဘယ်မိန်းကလေးကိုမှ စေ့စေ့ကြည့်တတ်တဲ့လူမျိုး
မဟုတ် စေ့စေ့ကြည့်မိရင်တောင် ရုပ်ကို လိုက်မှတ်
ထားတာမျိုးမဟုတ်တော့ Kookie ရုပ်ကို
သူ့မှာ မမှတ်မိဖြစ်နေရှာတာပေါ့ ...
YOU ARE READING
February အချစ်စီမံကိန်း [ Unicode+Zawgyi ]
RomanceVKook fic လေးပါ ❤ အားပေးကြပါဦး☺