February 7th [ Unicode ]

451 43 2
                                    

Kim Tae Hyung တစ်​ယောက်​စကိတ်​ထွက်​စီးဖို့
ဆိုပြီး သူ့ခြံထဲမှ ထွက်​လာစဉ်​Kookie နဲ့ Yoon Gi
နှစ်​ယောက်​သား တောသူမယောင်​ဆောင်​ပြီး
အထုတ်​အပိုးတွေ လက်​မှာမနိုင်​မနင်းသယ်​လာပြီး
Kim Tae Hyung ကို လှမ်းခေါ်လိုက်​သည်​။

Kookie: အစ်​ကိုရေ ဒီမှာရှင့်​ဒါက
Jin Young Ahjushi တို့အိမ်​လားမသိဘူး

Tae Hyung လည်း စကိတ်​စီးတာကိုရပ်​လိုက်​ပြီး

TaeHyung: မဟုတ်​ဘူး ခင်​ဗျ
ခင်​ဗျားတို့ လူမှားနေပြီ

Kookie: Hummm?
အဲ့ဒါဆို ဒီနားမှာရော ကြားဖူးလားရှင့်​?

TaeHyung: ဟင့်​အင်း ကျွန်​တော်​အဲ့နာမည်​မျိုး
တစ်​ခါမှမကြားဖူးဘူး

Kookie: ရှင်​?

YoonGi: ဘယ်​လို?

YoonGi: ငါတို့မှမသွားတတ်​တဲ့ဟာကို ဘယ်​လို
သွားရမှာလဲ?

Kookie: ဘယ်​မှာသွားရှာရမလဲ မသိတော့ဘူးဟယ်​

TaeHyung: ဒီမှာ ဒီမှာ ခင်​ဗျားတို့ဆီမှာ လိပ်​စာ
လေး ဘာလေးများမပါဘူးလား ကျွန်​တော်​
ကြည့်​ပေးလို့ရအောင်​

YoonGi: လိပ်​စာ?

Kookie: သြော်​.. ပါတယ်​ရှင့်​ပါတယ်​...
ဒါလေးခဏကိုင်​ထားပေးပါလား?

နှင်းဆီပန်းတွေကို Tae Hyung ကိုပေးလိုက်​တော့
Tae Hyung လည်း ကိုင်​ထားလိုက်​တာပေါ့
YoonGi ရော Kookie ရော အိတ်​တွေထဲ
ရှာကြတာပေါ့ အဲ့အချိန်​မှာပဲ Bam Bam လည်း
ကားတစ်​စီးနဲ့ရောက်​လာပြီး

BamBam: ဟဲ့ နင်​တို့က ဒီမှာဘာလုပ်​နေတာလဲ?
ငါ့မှာရှာလိုက်​ရတာဟယ်​

Kookie: ဟယ်​... နင်​လာပြီလား?

YoonGi: Aigoo... ငါတို့မှာလည်း လမ်းပျောက်​
နေတာဟဲ့

ဆိုပြီး သုံးယောက်​သား ရုတ်​တည်​ကြီးတွေနဲ့
စကားပြောပြီး ပြန်​ထွက်​သွားတာကို Tae Hyung
တစ်​ယောက်​လိုက်​ကြည့်​နေမိတယ်​လေ
သူ့မှာ အံ့သြနေတာကိုး ပြီးတော့မှ လက်​ထဲကိုင်​
ထားတဲ့ပန်းတွေကို သတိရပြီး သေချာကြည့်​တော့မှ
အဝါရောင်​စာရွက်​လေးထွက်​လာတော့
Tae Hyung လည်း စိတ်​လိုလက်​ရပြုံးလိုက်​
မိတော့တယ်​

" To : Kim Tae Hyung
   From : Jeon Kookie
   Date : Feb 7th "

ညရောက်​တော့ Tae Hyung နဲ့ Kookie တို့
ဖုန်းပြောကြတယ်​

TaeHyung: မင်းဟုတ်​တယ်​လို့ ဝန်​ခံလိုက်​ပါ
Jeon Kookie...

Kookie: စေတနာကိုလှည့်​စားခံရသလိုဖြစ်​သွားတယ်​
ဆိုရင်​တော့ sorry ပါ ကျွန်​မမှာလေ ရှင့်​ကို
အဲ့လိုနစ်​နာစေလိုတဲ့ စိတ်​မျိုးတော့မရှိပါဘူး

TaeHyung: ဒီမှာ Jeon Kookie...
မင်းသင်​ပေးနေတဲ့ စိတ်​ဝင်​စားခြင်းအတတ်​ပညာကို
ကိုယ်​ကလွယ်​လွယ်​နဲ့လက်​ခံနေတယ်​လို့ မင်းကထင်​
နေတာလား? မင်း ဘယ်​လိုနည်းပရိယာယ်​တွေပဲ
သုံးသုံး ဘယ်​လိုလှည့်​ကွက်​တွေပဲသုံးသုံး
ဘယ်​လိုလက်​ဆောင်​ပစ္စည်းမျိုးတွေပဲပေးပေး
လုံးဝ don't care ပဲ

Kookie: ဟုတ်​ပါပြီ ၇ခုမြောက်​တဲ့အထိ ရှင့်​ဘက်​က
ဂရုမစိုက်​ဘူးဆိုတာသိရတဲ့အတွက်​February
14 ရက်​နေ့မရောက်​ခင်​ကျွန်​မပိုပြီး ကြိုးစား
အားထုတ်​ရမယ်​ဆိုတာသိရတော့ ရှင့်​ကိုကျေးဇူး
တင်​တယ်​

TaeHyung: ကိုယ်​မေးစရာတစ်​ခုတော့ရှိတယ်​
မင်းက ဒီမြို့ကလား?

Kookie: Yes... ကျွန်​မက Incheon သူစစ်​စစ်​
ဒါပေမယ့်​Australia မှာနေတာနော်​

TaeHyung: အဲ့ဒါဆိုအလည်​ပြန်​လာတာပေါ့?

Kookie: ဆိုပါတော့...

TaeHyung: ကိုယ်​မင်းကိုတွေ့ချင်​တယ်​
Jeon Kookie...

Kookie: ရှင့်​မွေးနေ့ရောက်​ရင်​တွေ့ရမယ်​လေ
ရှင့်​မွေးနေ့ရောက်​ဖို့လည်း သိပ်​မလိုတော့ပါဘူး
အဲ့နေ့ကျရင်​February 14 ရက်​နေ့က
Valentine day လို့ ဘာလို့ခေါ်လဲဆိုတာကို
ကျွန်​မပြောပြမယ်​ရှင်​ရော အတိအကျသိလား?

TaeHyung: မသိဘူး အဲ့ဒါဘာလဲ?

Kookie: February 14 ရက်​နေ့ကျရင်​
ပြောပြမယ်​လို့ ပြောပြီးပြီလေ အိပ်​မက်​လှလှမက်​
ပါစေနော်​Good Night....

Tae Hyung လည်း Jeon Kookie က
ဘယ်​လိုပုံစံမျိုးလဲဆိုတာကို တွေးရင်း
တော်​တော်​နဲ့အိပ်​မပျော်​တော့...

To be continued 💙

February အချစ်​စီမံကိန်း [ Unicode+Zawgyi ]Opowieści tętniące życiem. Odkryj je teraz