February 4th [ Unicode ]

517 45 2
                                    

Tae Hyung လည်း စကိတ်​စီးပြီးလာစဉ်​
လမ်းမှာ Kookie တစ်​ယောက်​တည်း ကားဘေးမှာ
မတ်​တပ်​ရပ်​စောင့်​နေတာပေါ့ အနားလည်းရောက်​ရော

Kookie: သြော်​ဒီမှာ ခဏလောက်​
ကျွန်​မကို တစ်​ခုလောက်​ကူညီပေးလို့ရမလားမသိဘူး

TaeHyung: ဘာဖြစ်​တာလဲ?
ကျွန်​တော်​ဘာကူညီပေးရမလဲ?

Kookie: ကျွန်​မကားမောင်းလာရင်းနဲ့ ဒီမှာ
ထိုးရပ်​သွားလို့ ဘာဖြစ်​မှန်းလဲမသိဘူး
ရှင်​ကြည့်​တတ်​ရင်​တစ်​ချက်​ကြည့်​ပေးပါလား?

TaeHyung: Okay လေ ကျွန်​တော်​ကြည့်​တတ်​
သလောက်​ကြည့်​ပေးပါ့မယ်​

Tae Hyung လည်း Kookie အကူအညီ
တောင်းတာနဲ့ ကားကိုပြင်​နေတာနဲ့ Kookie ကို
အာရုံမရ အဲ့အချိန်​မှာပဲ Kookie လည်း
ဘောင်းဘီအိတ်​ထဲထည့်​ထားတဲ့ အသည်းပုံ
Key Chain လေးကို Tae Hyung စကိတ်​
အောက်​မှာ တိုးတိုးတိတ်​တိတ်​လေး
ကပ်​ထားလိုက်​သည်​။ Tae Hyung လည်း
ခဏအကြာ ကားပြင်​ပြီးတော့

TaeHyung: ရပြီလားမသိဘူး နှိုးကြည့်​လိုက်​လေ

Kookie: သြော်​ဟုတ်​ကျေးဇူးပဲနော်​

ဆိုပြီး ကားစက်​နှိုးကြည့်​တော့ အဆင်​ပြေတာနဲ့ပဲ

Kookie: ရပြီ ရပြီ ကျေးဇူးပဲနော်​

Tae Hyung လည်း လက်​မထောင်​ပြလိုက်​တော့

Kookie: တာ့တာ

ဆိုပြီး ကားမောင်းထွက်​သွားတော့သည်​။
Tae Hyung ကားမောင်းထွက်​သွားတာကို
ကြည့်​ပြီး အိမ်​ပြန်​ဖို့ စကိတ်​ကို မ လိုက်​တော့
အသည်းပုံ Key Chain ကို တွေ့သွားတာပေါ့

TaeHyung: ဟင်​.. ဘယ်​အချိန်​ကများ
လာကပ်​သွားတာလဲ? ဒီနားမှာ ဘယ်​သူမှလည်း
မရှိပါဘူး

ဆိုပြီး ဟိုကြည့်​ဒီကြည့်​နဲ့ပေါ့...
ပြီးမှ ခုနက သူ့ကို ကားပြင်​ခိုင်းတဲ့ကောင်​မလေးလို့
စိတ်​ထဲမှာထင်​လိုက်​ပေမယ့်​ရုပ်​ကိုမမှတ်​မိ
သိတဲ့အတိုင်း Kim Tae Hyung ဆိုတာကလည်း
ဘယ်​မိန်းကလေးကိုမှ စေ့စေ့ကြည့်​တတ်​တဲ့လူမျိုး
မဟုတ်​စေ့စေ့ကြည့်​မိရင်​တောင်​ရုပ်​ကို လိုက်​မှတ်​
ထားတာမျိုးမဟုတ်​တော့ Kookie ရုပ်​ကို
သူ့မှာ မမှတ်​မိဖြစ်​နေရှာတာပေါ့ ...

February အချစ်​စီမံကိန်း [ Unicode+Zawgyi ]Where stories live. Discover now