"ရှောင်ကျန့် ဟိုကောင်ကော''မနက်အစော အကြောင်းမကြားဘဲ ဒုန်းစိုင်းရောက်ချလာသော ကောဝမ်
"ဝမ်လေး အိပ်နေတုန်း''
"အပေါ်မှာမလား''
"ဟုတ်ကဲ့''
အပေါ်ထပ်ကိုဒေါသတကြီးထွက်သွားတာကြောင့် အနောက်ကနေလိုက်ရသေးသည်
"ဝမ်ရိပေါ် ထစမ်း''
ဝမ်လေးကလည်း အလိုက်မသိ အင်းအဲလုပ်နေသေးသည်
"ဝမ်ရိပေါ် မင်းကိုငါထလို့ပြောနေတယ်လေ''
"ဘာလဲဗျာ အစောကြီးရှိသေးတာကို''
"မင်းငါးမိနစ်အတွင်း ပြင်ဆင်ပီးဆင်းလာခဲ့ မဟုတ်ရင်ငါ့အဆိုးမပြောနဲ့''
"အောက်ထပ်ကိုဆင်းသွားတဲ့ ဝမ်ကောနဲ့ ကုတင်ပေါ်ကနေမဆင်းတဲ့ ရိပေါ်''
"ရိပေါ် ထတော့လေနော် ပီးမှဆက်အိပ်လေ ကောဝမ်က တစ်ခုခုပြောစရာရှိလို့နေမှာ''
"သြော''
မျက်နှာစူပုတ်ပုတ်လေးနဲ့ ရေချိုးခန်းထဲကိုဝင်သွားတော့ ကျနော်လည်းအောက်ထပ်ကိုဆင်းလာလိုက်သည်
ဝမ်ကောကလည်း ဒေါသထွက်နေတာကြောင့် မျက်နှာကြိီးကနီရဲနေသည်
အားယွမ်ကို အစောကြီးကျောင်းပို့ထားလို့တော်သေးသည်"ဘာလဲ ကောရာ မနက်စောစောစီးစီး''
ခွပ်!!
ဝမ်ကောရဲ့လုပ်ရပ်ကိုကျနော်ကော ဝမ်လေးပါ ကြောင်ပီးကြည့်နေမိသည်
ဝမ်ကေယရဲ့လက်ချက်ကြောင့် ဝမ်လေးလည်းအနောက်ကိုဖင်ထိုင်ရက်သားလဲကျသွားသည် ကျနော်ထူပေးဖို့ပြင်တော့"ရှောင်ကျန့် ဒါမင်းနဲ့မဆိုင်ဘူး ဝင်မပါန''ဲ့
"ဒါပေမဲ့''
"အခုဖြစ်တဲ့ကိစ္စကိုမင်းလည်းသိတယ်မလား ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်လည်း ကျောင်းနားရတဲ့အထိတောင်''
"အဲ့တာက''
"တော်တော့ရှောင်ကျန့် မင်းအလိုလိုက်လို့ဒီကောင်ဆိုးနေတာ ငါနဲ့ပြန်လိုက်ဖို့ မင်းပစ္စည်းတွေသွားသိမ်း''
"မလိုက်နိုင်ဘူး''
"ဝမ်ရိပေါ် မင်းပါးစပ်ကိုပိတ်ပီး ပစ္စည်းကိုသွားသိမ်း''

YOU ARE READING
my treasure
Фанфикငယ်ငယ်လေးကတည်းကစီးပွားရေးအတွက်သာအချိန်ပေးသည့် အစ်ကိုဖြစ်သူရဲ့လက်အောက်မှာကြီးပြင်း လာခဲ့ရတဲ့ဝမ်ရိပေါ် အရာရာကိုအနှစ်နာခံပီးအလျော့ပေးတတ်တဲ့ ရှောင်းရှောင်ကျန့်နဲ့တွေ့တဲ့အခါ ဘယ်လိုသဝန်တိုမယ် ရစ်မယ် စိတ်ဆိုးမယ် စိတ်ကောက်မယ် ဆိုတာကို စောင့်မျှော်ပေးကြပါအုံး...