P-6
ဒီရက်ပိုင်းမုန်တိုင်းရှိတာကြောင့် မိုးကလဲတဖွဲဖွဲနှင့်အဆက်မပြတ်ရွာနေတော့သည် အခုလိုဆိုဆိုင်ကလဲအရောင်းပါးသည် တော်ရုံအပြင်မထွက်ကြတာမို့ဆိုင်ကိုယာယီပိတ်ထားလိုက်သည်
ကျနော်ကသာစိတ်ညစ်နေရတာ ဟိုခွေးပေါက်နှစ်ကောင်ကတော့ ပြတင်းပေါက်ဘောင်လေးနားကိုသွားကာ စောင်တွေအခင်းတွေယူ ကော်ဖီတွေ ခေါက်ဆွဲတွေကို အသင့်ဖျော်အသင့်ပြုတ်ပီး
မှန်ဘောင်ပေါ်လက်လေးထောက်ကာအပြင်ကိုကြည့်နေသည်
ဘာမှမပြောတော့ဘဲဆိုင်မှာအသစ်တိုးမယ့် menu အတွက်ကုန်ကြမ်းတွေရဲ့ကုန်ကျစရိတ်တွေကိုတွက်နေလိုက်သည်"ဟတ် ဟပ် ချိုး!!!!
နှာချေသံကြောင့်ကျနော်လှမ်းကြည့်လိုက်တော့နှစ်ယောက်သားကသူတို့မဟုတ်သလို အပြင်ကိုသာကြည့်နေသည်
ဟက်ချိုး
"ကော ရိပေါ်ကော.ဟက်ချိုးခဏခဏချေနေတယ်''
"ဘာ ရူးနေလို့ငါက ချေရမှာလား မင်းချေလိုက်တာလေ ဆေးသောက်ရမှာကြောက်လို့ငါ့ကိုလွဲချနေတာမလား"
"ရိပေါ်ကော ချေလိုက်တာ ကျနော်ကျိန်ပြောရဲတယ် အာမင်"
လက်လေးသုံးချောင်းထောင်ပီတော့ကျိန်တယ်ဆိုပီးလုပ်နေတဲ့အားယွမ်ကြောင့် ရိပေါ်တစ်ယောက် မျက်စောင်းနဲ့ကြည့်နေသည်
"လာခဲ့ ရိပေါ် ကောဆီကို''
"ဘာလို့လာရမှာလဲ မလာပါဘူး''
"ကောလာရမလား"
"လာပီ လာပီ ဘာမှန်းကိုမသိဘူး"
ကျနော့ဆီကိုခြေဆောင့်ပီးရောက်လာတဲ့ရိပေါ်
အားယွမ်ကတော့ ရိပေါ်ပန်းကန်ထဲကခေါက်ဆွဲဖက်တွေကိုသူ့ပန်းကန်ထဲ ခိုးထည့်နေသည်
ဒီပုံစံအတိုင်းဆိုရင် သူတို့နှစ်ယောက်အဝေမတည့်လို့ စိတ်ဝမ်းကွဲသွားရသည့်ပုံပင် လိုက်လဲလိုက်သည်"ခေါက်ဆွဲတွေထပ်မစားနဲ့တော့ ကောဆန်ပြုတ်လုပ်ပေးမယ်ပီးရင် ဆေးသောက်ပီးနားလိုက်"
"အွန်"
"အပေါ်ထပ်ကိုသွားတော့ အားယွမ် စားပီးရင်ရိပေါ်ကောကိုအဖော်လုပ်ပေးလိုက်နော်"
YOU ARE READING
my treasure
Fanfictionငယ်ငယ်လေးကတည်းကစီးပွားရေးအတွက်သာအချိန်ပေးသည့် အစ်ကိုဖြစ်သူရဲ့လက်အောက်မှာကြီးပြင်း လာခဲ့ရတဲ့ဝမ်ရိပေါ် အရာရာကိုအနှစ်နာခံပီးအလျော့ပေးတတ်တဲ့ ရှောင်းရှောင်ကျန့်နဲ့တွေ့တဲ့အခါ ဘယ်လိုသဝန်တိုမယ် ရစ်မယ် စိတ်ဆိုးမယ် စိတ်ကောက်မယ် ဆိုတာကို စောင့်မျှော်ပေးကြပါအုံး...