p-2

316 22 0
                                    

P-2

ကျနော် ​ကောထွက်လာမည့်အချိန်ကို အိမ်ရှေ့မှာစောင့်နေမိသည် ကျနော်လဲအမှားမလုပ်ရပါဘဲနဲ့ ကောကကျနော့ကိုရှောင်နေသည်
ကျနော့ကိုအရင်ကပေးထားတဲ့အိမ်သော့လေးကို သူ့ဆီမှာရှိတဲ့သော့လေးပျောက်သွားလို့ဆိုပီ ပြန်ယူသွားကတည်းက ကျနော်နဲ့အဆက်အသွယ်ပြတ်သွားသည် ကျနော်လဲ စားမေးပွဲတစ်ဖက်နဲ့မို့သတိမထားမိပေမဲ့ အခုမှကျနော်သတိထားမိသည် အခုတော့ကျနော်ရှင်းရမည် ဘာဖြစ်နေလဲဆိုတာလဲမပြောဖုန်းခေါ်တော့လဲ မကိုင် ကိုင်တော့လဲမအားဘူးဆိုပီ ချသွားသည်
လိုင်းပေါ်မှာလဲ ကျနော်တက်လာပီဆိုတာနဲ့ သူကဆင်းသွားသည် message ပို့တော့လဲ rp မပြန်
ကောစိတ်ဆိုးရင်လဲ ချော့ရမည် ကောနဲ့ မတွေ့ရတဲ့တစ်လျှောက်လုံး ကျနော်အထီးကျန်သလိုခံစားရသည်စောင့်ရကျိုးနပ်ပါပီ  ဇွန်ပန်းပွင့်လေးတွေကိုခူးဖို့အတွက်လက်ထဲမှာလဲ ခြင်းလေးကိုကိုင်ပီ
ထွက်လာတဲ့ ကော ပါ
တံခါးဖွင့်သည်နှင့်ကျနော်လဲသူ့ရှေ့ရပ်လိုက်သည်

"ကော.....''

မနက်အစောကြီးပေါ်လာတဲ့ ရိပေါ်ကြောင့်ကျနော်လန့်မိသည်

"သြော် ဝမ်ရိပေါ်....''

အရင်လို တစ်လုံးတည်းခေါ်တာမဟုတ်ဘဲ နာမည်အပြည့်အစုံခေါ်နေတာကြောင့် ကော ကျနော့ကိုစိတ်ဆိုးနေမှန်းသိလိုက်သည်

"ဘာလို့ ကျနော့ကိုရှောင်နေတာလဲ.....''

"ကိုယ်မရှောင်ပါဘူး ရိပေါ်....''

"ကော ဘာဖြစ်နေတာလဲ ဝမ်လေးကိုပြောပါ ကျနော်ဘာလုပ်မိလို့လဲ....''

"ဘာမှမဖြစ်ပါဘူး ဒီရက်ပိုင်းအလုပ်နည်းနည်းရှုပ်နေလို့ပါ....''

"ဖုန်းတွေ မက်ဆေခ့်ျတွေပြန်မဖြေနိုင်အောင်ကိုရူပ်နေတာပေါ့....''

"ဘာလို့အကျယ်ကြီးပြောနေတာလဲ အစောကြီးရှိသေးတာကို တခြားသူတွေ ပြောလိုက်မယ်....''

"ဒါဆို ကောပြောလေ ဘာဖြစ်နေတာလဲလို့.....''

"ဘာမှမဖြစ်ပါဘူးဆို....''

"ကျန့်ကော....''

ဒီကလေးဒေါသကြောင့်မျက်နှာတွေက နီရဲနေသည် ကျနော်တို့အခြေအနေဒီထက်ပိုမတင်းမာလာခင်သူ့ကိုချော့ပီ အိမ်ပြန်ခိုင်းမှရမည်

my treasure Where stories live. Discover now