"ဝမ်လေး ထတော့နော် ဒီနေ့ကျောင်းသွားရမယ်မလား''"ငါးမိနစ်ဘဲကော''
"ဟုတ်ပါပီ ကော အားယွမ်ကိုသွားနိုးလိုက်အုံးမယ် ပီးရင် ဝမ်လေးဆီပြန်လာမယ်နော်''
"ဟုတ်''
စောင်သေချာခြုံပေးခဲ့ပီး အားယွမ်အခန်းဘက်ကိုကူးလာလိုက်သည်
"အားယွမ်ရေ ထတော့''
"ဟူတ် ကော''
ဟုတ်ကောဟုဆိုကာ ကုတင်ပေါ်မှာထိုင်ပီးငိုက်နေသေးတဲ့ အားယွမ်ကိုပွေ့ချီပီးရေချိုးခန်းထဲကိုဝင်လိုက်သည်
"ကဲ အားယွမ် ကောမျက်နှာသစ်ပေးမယ်နော်''
"အွန်''
အခုထိမျက်လုံးကမပွင့်သေးဘဲ ငိုက်နေတုန်းပင်
ရေကို လက်ဖျားလေးနဲ့စွတ်ပီး လည်ပင်းကိုကိုင်လိုက်တော့"အား အေးတယ်''
"အေးမှာပေါ့ အခုထိအိပ်နေသေးတာကို''
ဟီးဟီး
"ကဲ မျက်နှာသစ်ပီးပီးဆိုတော့အောက်ထပ်မှာကော မနက်စာပြင်ပေးထားတယ် ပီးရင်အပေါ်တက်လာခဲ့နော် ကော အဝတ်စားလဲပေးမယ်''
"ဟုတ်''
"မျက်နှာကိုသဘက်လေးနဲ့သုတ်ပီး အောက်ထပ်ကိုပြေးဆင်းသွားတဲ့ အားယွမ်''
"ကဲ ဝမ်လေးထတော့ကွာ အားယွမ်တောင်မနက်စာစားနေပီ''
"အွန် ငါးမိနစ်''
"ဝမ်လေး ကောစိတ်ဆိုးတော့မှာနော်''
"ခဏလေး ဒီလိုမျိုးငါးမိနစ်ဘဲ''
ခေါင်းအုံးပေါ်ကနေ ကျနော့ပေါင်ပေါ် ရောက်လာတဲ့ခေါင်းလေး လက်နှစ်ဖက်ကလည်းကျနော့ခါးကိုဖက်ထားသေးသည်
အခုလိုဆိုတော့ ဘယ်သူကစိတ်ဆိုးရက်မှာလည်း"ကဲပါ အခုထတော့နော် ကျောင်းနောက်ကျနေမယ်''
"ဟုတ် morning kissလေး''
မွ
"ဒီနေ့အတွက် အားရှိသွားပီ''
"ကဲ မျက်နှာသစ်တော့''
"ဟင် ကော မသစ်ပေးဘူးလား''
"ကလေးမို့လား ကောကသစ်ပေးရအောင်''
YOU ARE READING
my treasure
Fanfictionငယ်ငယ်လေးကတည်းကစီးပွားရေးအတွက်သာအချိန်ပေးသည့် အစ်ကိုဖြစ်သူရဲ့လက်အောက်မှာကြီးပြင်း လာခဲ့ရတဲ့ဝမ်ရိပေါ် အရာရာကိုအနှစ်နာခံပီးအလျော့ပေးတတ်တဲ့ ရှောင်းရှောင်ကျန့်နဲ့တွေ့တဲ့အခါ ဘယ်လိုသဝန်တိုမယ် ရစ်မယ် စိတ်ဆိုးမယ် စိတ်ကောက်မယ် ဆိုတာကို စောင့်မျှော်ပေးကြပါအုံး...