မိုးတွေသဲကြီးမဲကြီးရွာနေတဲ့ညလေးတစ်ညမှာ ကောင်လေးတစ်ယောက် ပြတင်းပေါက်ကနေတဆင့်အပြင်ကို မျှော်လင့်ချက် ကင်းမဲ့နေတဲ့မျက်ဝန်းတစ်စုံနဲ့ အခန်းရဲ့ထောင့်လေးတစ်နေရာကနေထိုင်ကြည့်နေမိတယ်
"ရက်စက်လိုက်တာ Hyung ရယ် ကျွန်တော့်ကိုတစ်ယောက်ထဲ ထားရက်ခဲ့တယ်နော်.."
"ကျွန်တော် ဘယ်လိုဖြေသိမ့်ရမလဲဟင် Hyung ပြောပါ ကျွန်တော့်ကိုပြောပါအုံး.."
"ကျွန်တော် ဒီလောကကြီးမှာ အသက်ဆက်မရှင်ချင်တော့ဘူးး..ဟု တယ် ကျွန်တော် Hyung စီလိုက်ခဲ့မှာ..."
"ကျွန်တော့် ခွင့်လွတ်ပေးပါ Hyung တောင်းခဲ့တဲ့ကတိကို ကျွန်တော်ဆက်တည်နိုင်ဖို့ အင်အား မရှိ တော့ ဘူး.."
"ကျွန်တော်..Hyung စီကို လာပြီနော် Hyung.."
လက်ထဲဓားလေးကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားပြီး Hyungကို ကတိမတည်နိုင်ခဲ့လို့အကြိမ်ကြိမ်တောင်းပန်စကားဆိုပြီး Hyung စီလိုက်လာဖို့စိတ်အားထက်သန်နေခဲ့တယ်...
_____________________
Flash back ~~
နေသာ နေတဲ့ တစ်နေ့မှာ ကျွန်တော် အိမ်တိုင်းမှာပဲနေပြီး ဂိမ်းထိုင်ဆော့နေရတာ ပျင်းလာတဲ့ ရပ်ကွက်ပတ်ပြီး လမ်းဆင်းလျှောက်ဖို့ စိတ်ကူးမိတယ် အကျီင်္တွေဘာတွေလဲပြီး အပြင်ထွက်ဖို့ကျွန်တော်အောက်ထပ်ကိုဆင်းလာခဲ့တယ်~"သား kookie လေး ဘယ်သွားအုံးမလို့လဲ.."
"ဒီနားလေးပါ မေမေရဲ့..ခနပါပဲနော်.."
"အင်းးပါ..စောစောပြန်လာနော်..သားအဖေနဲ့တိုးရင် ထက်ဆူခံထိမယ် "
"ဟုတ်~~"
ကျွန်တော် အိမ်ရှေ့ရောက်တော့ လမ်းကိုဘယ်ညာကြည့်လိုက်တယ် ဘယ်ဘက်လမ်းလေးအတိုင်းကျွန်တော် စလျှောက်ခဲ့တယ် စထွက်ကတည်းက နားကျပ်လေးတပ်ပြီး သံစဉ်လေးတွေလိုက်ညည်းရင်း ကျွန်တော်လမ်းလျှောက်လာခဲ့တာ သာသာယာယာပါပဲ လမ်းကွေ့လေးနားရောက်တော့ လူတစ်ယောက်လဲနေတာကို ကျွန်တော်မြင်နေရတယ် ရုပ်တရက်တွေ့လိုက်ရတာဆိုတော့ ကျွန်တော်ဖြေးဖြေးချင်းပဲ အနားတိုးသွားလိုက်တယ် ။
"ဟာ..ယောင်္ကျားလေးပဲ..အသက်ကလဲ ငါ့နီးနီးလောက်ရှိမယ်နဲ့တူတယ်.."
YOU ARE READING
Stay with me //TK//
RomanceHyung ကို ကျွန်တော် ချစ်တယ် Hyung မရှိတော့ရင် Hyungရှိတဲ့နေရာကို ကျွန်တော်လိုက်ခဲ့မှာစိတ်ချ Start Date_ 1.4.2021. End Date_