ကျွန်တော်တို့အဲ့နေ့ တနေ့လုံး အချိန်တွေကို နှစ်ယောက်အတူတူဖြတ်သန်းခဲ့ကြတယ်။အချစ်ဖြစ်ချင်တာမှန်သမျှကိုလဲ အကုန်လိုက်လျောပေးခဲ့တယ်။
*အချစ်ကိုယ့်ကိုတော့ထားမသွားဘူးမလားဟင်*
မိုးချုပ်နေပြီဖြစ်လို့ အချစ်ကို အိမ်လိုက်ပို့လိုက်ပြီး မခွဲနိုင်သေးလို့ တစ်ညလုံး vedio Callဖွင့်ခိုင်းထားပြီး စကားတွေပြောဖြစ်ကြသေးတာ။အချစ်က မနက်စောစောထပြီး လေဆိပ်သွားရမှာဆိုတော့ အချစ်ကို အတင်းအိပ်ခိုင်းလိုက်ရသေးတယ်။ ကျွန်တော်ကတော့ တစ်ညလုံး အချစ်မျက်နှာလေးကို ငေးကြည့်နေမိတယ်။ဘယ်လိုမှလဲအိပ်မပျော်ခဲ့ဘူး။ စိတ်တွေလဲအရမ်းလေးနေတယ်။ အချစ်ရယ် အစစအရာရာ အဆင်ပြေပါစေကွာ...မနက်မိုးလင်းလာတော့ ကျွန်တော်လန့်နိုးသွားတယ် ညကအိပ်ပျော်သွားတယ်နဲ့တူတယ်။ Vedio call လေးလဲ ပိတ်သွားခဲ့ပြီးပြီ ။ ဟူးးးးး အချစ်က ဒီနိုင်ငံက သွားရတော့မှာ။ကျွန်တော်အရမ်းပြေးတွေ့ချင်မိတယ် ။ အချစ်ကိုယ်လုံးလေးကို တင်းတင်းကျပ်ကျပ်ဖတ်ထားချင်တယ် ။ နူတ်ခမ်းစိုစိုအိအိလေးကိုလဲတ၀ကြီး နမ်းရှိုက်ချင်မိတယ်။အချစ်က မလာဖို့တားထားလို့သာ ကျွန်တော့်မှာ သည်းခံနေရတာပါဗျာ ။ ကျွန်တော် ဘာလုပ်လို့ဘာကိုင်ရမလဲ မသိတဲ့အချိန် message လေးတစ်ဆောင်ဝင်လာခဲ့တယ်။
📩 ကို~ ကိုလို့ခေါ်မယ်နော်Kook ကိုကအချစ်ထက်ငယ်တာသိပင်မဲ့ အမြဲ အကြီးတစ်ယောက်လို ဂရုစိုက်ကြင်နာခဲ့တော့ နှလုံးသားလေးကသူ့အလိုလို ကို လို့ခေါ်ချင်နေမိတာ ရတယ်မလားဟင်ကို...
*အချစ်ရယ် ကို့ရင်ခုန်သံတွေအရမ်းမြန်နေပြီကွာ အပြင်ကတောင် ပြန်ကြားနေရပြီ သိရဲ့ လား ဆက်ဖတ်လိုက်အုံးမယ်..*
📩 ကို.. အချစ်အခု လေဆိပ်ရောက်နေပြီ နောက်ဆယ့်ငါးမိနစ်နေရင် လေယာဉ်ထွက်တော့မယ် ကို အစစအရာရာ ဂရုစိုက်နော် အချစ်ကိုလဲ သတိရပြီးစောင့်နေပေးနော်ကို..ဆေးလိပ်တွေလဲ အများကြီးမသောက်ရဘူးနော် အချစ်တို့ Anni အထိန်းမှတ်နဲ့ ထိုးထားတဲ့ တက်တူးလေးကို ခနခနကြည့်နော်ကို..
*အချစ်ရယ် ကိုလို့ ခနခနခေါ်နေတာလေးကို အချစ်အသံလေးနဲ့ ကိုကြားချင်မိတယ်..အချစ် စိတ်ချပါ အချစ် မှာသမျှတွေကို ကိုမှတ်ထားပြီး လိုက်လုပ်မှာပါနော်..*
ESTÁS LEYENDO
Stay with me //TK//
RomanceHyung ကို ကျွန်တော် ချစ်တယ် Hyung မရှိတော့ရင် Hyungရှိတဲ့နေရာကို ကျွန်တော်လိုက်ခဲ့မှာစိတ်ချ Start Date_ 1.4.2021. End Date_