ကုမ္ပဏီ ဝန်ထမ်းရဲ့ တံခါးဖွင့်မှုအနောက်မှာ အဆင့်သင့်ရပ်နေတယ် လူတစ်ယောက် တံခါးဖွင့်ဖွင့်ချင်း အံ့ြသမှင်သက်နေကြတဲ့ လူအုပ်ကြီး——
"အားလုံးပဲ ကျွန်တော့်ကုမ္ပဏီ ရှယ်ယာအများဆုံး ဘုတ်အဖွဲ့ဝင်ကို ကြိုဆိုလိုက်ရအောင်လားဗျာ..."
"အားလုံးပဲ မဂ်လာပါ ကျွန်တော့်နာမည် Jeon...Jung...Kook ပါ... အားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ်..."
"အထူးသဖြင့် ဒီက လူကြီးမင်း Mr.Binနဲ့တွေ့ခွင့်ရတာကတော့ ဝမ်းသာဆုံးပါပဲဗျ...."
"အခုလိုတတ်ရောက်လာပေးတဲ့ ဒီက လူငယ်လေးကို ကျွန်တော်နဲ့ကျွန်တော်ရဲ့ ဘုတ်အဖွဲ့ဝင်တွေကလဲ ဝမ်းသာနေရတာပါဗျ..."
"ကဲအားလုံးပဲ... ကျွန်တော် အစည်းဝေးစလိုက်ရအောင်လားဗျာ..."
"ခနလေးနေပါအုံး Mr.Bin ကျွန်တော့်ကို သေချာမမှတ်မိဘူးနဲ့တူတယ်နော်..."
"ကျွန်တော်နဲ့ ဒီကလူငယ်လေးနဲ့က တွေ့ဖူးလို့လား..."
"ကြည့်ရသလောက်ကတော့ Mr.Bin မမှတ်မိဘူးနဲ့တူတယ်နော်... အဲ့လိုဆိုတော့လဲ နောက်တခေါက် ထက်မိတ်ဆက်ရတာပေါ့..."
"အားလုံးပဲ ခနလောက်အချိန်လေးပေးပြီး ကျွန်တော်ပြောပြမှာလေးတွေကို နားဆင်ပေးချင်ပါတယ်..."
"ကျွန်တော် ငယ်ငယ်တုံးက အခုလို တာဝန်ကြီးတဲ့ ရာထူးတခုနဲ့ အလုပ်လုပ်ဖို့မပြောနဲ့... အလုပ်ဆိုတာကို ခေါင်းထဲကိုမထည့်ခဲ့တာပါ..."
"ကျွန်တော့်ရဲ့ အဖေစီးပွါးရေးကိုလဲ ရှေ့ကနေ ဦးဆောင်ပြီး Appa အနားယူလို့ရတာပဲလို့လဲ... မတွေးမိခဲ့ပါဘူး..."
"တနေ့ အမှတ်မထင်ပါပဲ...ကျွန်တော်နဲ့ ခနတာလေးပဲ ခင်ခွင့်ရလိုက်တဲ့ ကျွန်တော့် သူငယ်ချင်းအိမ်ကို သွားခဲ့တယ်..."
"သူငယ်ချင်းရဲ့ အဖေက ကျွန်တော့်ကိုမေးလာခဲ့တယ်..."
"မင်းအခုဘာလုပ်နေလဲ... အလုပ်ကိုင်မရှိဘူးလား...အခုလိုမျိုး အလုပ်လက်မဲ့နဲ့ပဲနေနေတာလားလို့...မေးလိုက်တဲ့မေးခွန်းက..."
"ကျွန်တော့်စိတ်ကို အားဖြစ်လာတာပါပဲ...အဲ့လိုမျိုးမေးလာတဲ့သူကိုရော ဒီကလူကြီးမင်းများ သိချင်နေကြရဲ့လား..."
ESTÁS LEYENDO
Stay with me //TK//
RomanceHyung ကို ကျွန်တော် ချစ်တယ် Hyung မရှိတော့ရင် Hyungရှိတဲ့နေရာကို ကျွန်တော်လိုက်ခဲ့မှာစိတ်ချ Start Date_ 1.4.2021. End Date_